Part 1.

951 95 2
                                    

'ယန်ဂယောင်း' ကိုယ်ပိုင်အထက်တန်းကျောင်း
၏ အနောက်ဘက်ခြမ်းကချောင်ကျကျနေရာတစ်ခုတွင်ဖြစ်သည်။ ဆေးလိပ်ငွေ့တွေမွှန်ထူနေသော ကျောင်းသားလေးယောက်နှင့်အတူ သူတို့ကြားမှာဒူးထောက်လျက်ရှိနေသောကောင်လေးတစ်ယောက်...
ခေါင်းလုံးလုံးလေး မှဆံနွယ်နုနုတွေကို နီရဲတွတ်နေသောဆေးရောင်ကိုဆိုးထားပြီး တီရှပ်အနက်ကိုအောက်ခံထားလျက် ကြယ်သီးတပ်မထားပဲ ဖြစ်သလိုဝတ်ထားဟန်တူသည့်ကျောင်းယူနီဖောင်းနှင့်ကောင်ငယ်လေးသည်စိတ်အလိုမကျဟန်ဖြင့်ဆေးလိပ်ကို ရှုရှိုက်ရင်း ဒူးထောက်နေသည့်ကောင်​လေးအားခပ်ယဲ့ယဲ့ပြုံးကာကြည့်ပြီး စကားဆိုလိုက်သည်။နုနုဖတ်ဖတ်လက်ဖဝါးသည်ဒူးထောက်နေသည့်ကောင်လေး၏ပါးပြင်အတွက်တော့ဓားသွားထက်ထက်လိုပင်။ ဒူးထောက်နေသောကောင်လေး၏ပါးကိုတဖျပ်ဖျပ်ရိုက်ရင်း
ဆေးလိပ်ကို လက်တစ်ဖက်ကဟန်ပါပါကိုင်ရင်း..

''မင်း လား..ငါ့အဖေအကြောင်းကို နောက်ကွယ်မှာပြောနေတာဆို..ဟုတ်လား.. သူ့ဘာသူ ဘယ်မိန်းမကိုစပွန်ဆာပေးပေး မင်းနဲ့ဘာဆိုင်လို့ငါ့အဖေကိုပုတ်ခတ်နေရတာလဲဟမ်..ပြောစမ်း..သတ္တိမရှိတဲ့ကောင်..''

''Hyung nim..အဖေလို့ပြောတာမဟုတ်ပါဘူးဗျာ.သတင်းတက်လာလို့ဖတ်လိုက်မိတာပါ..သူငယ်ချင်းတွေနဲ့ ဒီတိုင်း ပြောလိုက်မိတာပါ..အဲ့သရုပ်ဆောင်မင်းသမီးနဲ့Rumorထွက်နေတဲ့ထိပ်တန်းစီးပွားရေးရှင်ဆိုလို့..ဒီတိုင်း.HyungNim အဖေတို့Groupကို လွှတ်ခနဲပြောမိသွားတာပါ..ကျနော်တောင်းပန်ပါတယ်ဗျာ..Hyung..ဂျောင်ဝန်း Hyung..ကျနော့်ကိုခွင့်လွှတ်ပေးပါ..နောက်ဆို ဆင်ခြင်ပါမယ်..ကျနော်..ဒီလိုမျိုး တောင်းပန်ပါတယ် ''

လက်ဖဝါးနှစ်ခုအားအကြိမ်ကြိမ်ပွတ်တိုက်ကာလက်အုပ်ချီရင်းမျက်ရည်တွေပါကျသည့်ထိုကောင်လေးအားကြည့်ကာရီချင်လာသည်။ ကိုယ်ထိလက်ရောက်လွန်လွန်ကြူးကြူးနှိပ်စက်တက်တာမဟုတ်ပါပဲသူ့ကိုဆို ဘာလို့ ဒီလောက်ထိကြောက်နေတာလဲဆိုတာသူ့မှာစဥ်းစားလို့မရ..ဟုတ်တယ်လေ..ယန်ဂျောင်ဝန်း အဘိဓာန်မှာ သူ့ဘာသူ စိတ်တိုင်းကျနေနေရုံတင်သာ..စည်းကမ်း....ဥပဒေ..ဒါမျိုးတွေကိုသူဂရုမစိုက်..သူ့စိတ်တိုင်းကျနေနေရုံပဲကိုပင်လူတွေကသူ့ကိုလူဆိုးဟုသမုတ်နေကြသည်သာ။ဆေးလိပ်နောက်တစ်လိပ်ကိုထပ်ထုတ်ကာမီးညှိဖို့ပြင်ရင်း ဘေးကသူ့လူသုံးယောက်ကိုမျက်စပစ်ပြလိုက်ပြီး ထိုနေရာမှသူထွက်လာခဲ့သည်။ ထို့နောက်တွင်တော့ ရုန်းရင်းဆန်ခတ်အသံ ၊ ထိုးကြိတ်ရိုက်နှက်သံများက အလိုလျောက်ထွက်ပေါ်လာခဲ့တော့သည်။

Because Of You [Completed]Where stories live. Discover now