''Jay..ဟိုထောင့်ဆုံးစားပွဲက လူက Jay နဲ့ စကားပြောချင်လို့တဲ့..Jay ပြန်တော့မယ်မလား..Jay ဂျုတီပြီးပြီလို့ ကိုယ်ပြောခဲ့တယ်''
Cashierခုံမှာထိုင်ရင်း ဒီနေ့ရဲ့ရောင်းအားစာရင်းကိုတွက်နေတုန်း ဆိုင်ပိုင်ရှင်ကသူ့အားစကားလာပြောခြင်းဖြစ်သည်။ဆိုင်ပိုင်ရှင်ညွှန်ပြရာကြည့်မိတော့ Suit အပြည့်ဝတ်ထားသည့်ခပ်ငယ်ငယ်လူရွယ်တစ်ယောက်။ ဆိုင်ပိုင်ရှင်အား ငွေအပ်ပြီး Uniformကိုပြန်လဲရင်းဆိုင်အပြင်ထွက်မိတော့ ဆိုင်ရှေ့မှာထိုလူက Jay ကိုစောင့်နေဟန်။
''Park Jay ခင်မျ..ဒုဥက္ကဌက ကားထဲမှာ စောင့်နေတာမို့..တဆိတ်လောက် ကျနော်နဲ့လိုက်ခဲ့ပါအုံး.''
''ဘယ် ကဒု ဥက္ကဌလဲ.. ခင်များကရောဘယ်သူလဲ''
''ကျနော်က ဒုဥက္ကဌParkရဲ့ အတွင်းရေးမှုးပါဗျ..ပြောရရင် Park Jay နဲ့တွေ့ဖို့စောင့်နေတာ..CH Group က ဒုဥက္ကဌ Park Tae Gun ပါ ဗျ''
မကြားရတာကြာသောထိုနာမည်ကိုကြားရတော့ စိတ်တွေပူထူလာကာ ထိုလူရှေ့မှ လှည့်ထွက်ခဲ့တော့သည်။ ထိုလူကနောက်ကနေလိုက်ဆွဲသော်လဲ အတင်း ရုန်းထွက်လာခဲ့သည်မို့..ထိုလူကလဲ နားလည်သဘောပေါက်ဟန်ဖြင့်သူ့အားဆက်မတားတော့ပေ။ ဘာကိုမှမမြင်တော့အောင်သွေးတွေဆူပွက်လာခဲ့သည်မို့ လမ်းမကြီးပေါ်က ကားဟွန်းသံတို့ကိုကြားတော့မှသတိပြန်ဝင်လာခဲ့သည်။
24 hr Storeလေးရှေ့မှာရှိသည်မို့ ထိုဆိုင်လေးရှိရာဦးတည်ခဲ့သည်။ဒီနေ့ညနေစာကလဲအရင်ရက်ကလိုအသင့်စားခေါက်ဆွဲဗူးပဲပေါ့..ခေါက်ဆွဲ ပြုတ်ကိုစောင့်နေရင်း ထမင်းလိပ်ကိုစားမိတော့ မဆီမဆိုင် ဟိုသူဌေးသားလေးကိုသတိရမိသေး..ဒီလိုဟာမျိုး မစားတတ်ဘူးတဲ့
ငယ်ငယ်ထဲက က ရွှေဇွန်းကိုက်ပီးမွေးလာတဲ့ကလေးမျိုးမို့ရှိပါစေတော့..
ခေါက်ဆွဲ တွေမပွခင် ခေါက်ဆွဲဗူးကိုဖွင့်ကာစားရင်း အတွေးတို့ကို ရှင်းထုတ်ပစ်လိုက်တော့သည်။....
ဂျောင်ဝန်းတစ်ယောက် ကျောင်းမှပြန်ရောက်ထဲက ဂဏာမငြိမ် ။ ၈နာရီကလဲမထိုးနိုင်လိုက်တာ.. နာရီကို ကြည့်ရင်း ၈နာရီထိုးရန်ငါးမိနစ်ပဲလိုတော့တာမို့ အဖွားကိုပြင်ခိုင်းထားသည့် မုန့်ပန်းကန်အား အခန်းထဲသို့ ယူလာခဲ့တော့သည်။
အဖွားကိုယ်တိုင်ဖုတ်ပေးထားသည့်ကွတ်ကီးပူပူတစ်ပန်းကန်နှင့် နွားနို့ပူပူနှစ်ခွက်က သူ့စာကြည့်စားပွဲပေါ်ရောက်နှင့်နေပြီဖြစ်သည်။ အဆင်သင့်ပြင်ထားသည့် ဆေးမှုန့်ကြေကြေညက်ညက်လေးတွေကို နွားနို့တစ်ခွက်ထဲသို့လောင်းထည့်လိုက်သည်။ဇွန်းဖြင့်သမအောင်မွှေပြီးတော့ သူ၏ Killer smileကြီးဖြင့် ပြုံးမိတော့သည်။
မိနစ်အနည်းငယ်ကြာတော့ တံခါးခေါက်သံကြားလိုက်ရသည်မို့ ထိုလူကြီး ရောက်နေပြီဖြစ်ကြောင်းသိလိုက်ရသည်။
YOU ARE READING
Because Of You [Completed]
Romance''JongSeongieကြောင့်သာမဟုတ်ခဲ့ရင်လေ ချစ်တတ်ဖို့ကို ကျွန်တော်ရွေးချယ်ခဲ့မှာမဟုတ်ဘူး '' ''ကိုယ်ကတော့ မင်းကြောင့်သာ၊ မင်းရှိနေလို့သာ အသက်ဆက်ရှင်ခဲ့ရတာ ဝန်းဝန်းလေး ရဲ့''