Part 5.

642 88 9
                                    

''ကျေးဇူးပြုပြီးဒီစာလေးကိုလက်ခံပေးပါ
..စီနီယာ''

Canteen မှ အပြန် ကျောင်းကဌာနရှေ့က Mini Gardenလေးရှေ့ကခုံမှာထိုင်နေတုန်း
Jay ရှေ့သို့ခေါင်းငုံ့ကာဖြင့်လက်ထဲကစာအိတ်လေးကိုJay မျက်နှာရှေ့ထိုးမတက် ပေးနေသော ကောင်မလေးတစ်ယောက် ရောက်လာလေသည်။ သေချာကြည့်တော့ သူတို့မေဂျာက Fresherလေးဖြစ်ဟန်တူသည်။ ခါတိုင်းလဲ Jay ကိုလာကပ်ပြီးဖုန်းနံပါတ်တောင်းကြသူ၊SNSကနေဆက်သွယ်ပြီးလာကပ်ကြတဲ့မိန်းကလေးတွေရှိသော်လဲ Jay က အချိန်လဲမရှိသလိုသူ့စိတ်ကိုယိမ်းယိုင်အောင်လုပ်နိုင်တဲ့မိန်းကလေးလဲမတွေ့သေးတာမို့အခုထိSingleကြီးဖြစ်နေကာUniမှာလဲJayကိုဘယ်သူရမလဲဆိုပြီးစောင့်ကြည့်နေတဲ့မိန်းကလေးတွေကအများသား။ ဒီကောင်မလေးကတော့ Vintageဆန်စွာစာအိတ်နှင့်စာလာပေးတာဆိုတော့တခြားမိန်းကလေးတွေနှင့်မတူတာမတူပေ။
Jayဘက်ကဘာမှပြန်မပြောတာမို့ ကောင်မလေးက မျက်လုံးဝိုင်းဝိုင်းလေးနှင့်သူ့ကိုကြည့်လာလေသည်။ မျက်နှာချင်းဆိုင်
ကြည့်မိတော့ထိုကောင်မလေးက မက်မွန်သီးဝိုင်းဝိုင်းလေးနှင့်ဆင်တူသည်။ ပါးဖောင်းဖောင်းရဲရဲလေးတွေနှင့် ဆံပင်ဂုတ်ဝဲလေးနှင့် မို့ Jay မျက်လုံးထဲမှာ တော့ မူကြိုကလေးပေါက်စနှင့်တောင်တူနေသေးသည်။
Jayကသူ့ကိုကြည့်နေတာမို့ ထိုကောင်မလေးသည် မျက်နှာပေါက်ထွက်မတက်ရဲတက်ပြီးစာအိတ်ကိုJay လက်ထဲသို့ အတင်းထိုးထည့်ပြီး ထွက်ပြေးသွားတော့သည်။ Jayကတော့ခေါင်းကိုခါရမ်းကာဖြင့် ဒီခေတ်ကလေးတွေမလွယ်ပါလားဟုတွေးရင်း ထိုစာအိတ်ကို လွယ်အိတ်ထဲသို့ ထည့်ရင်း အတန်းရှိရာသို့ထွက်လာခဲ့တော့သည်။ တစ်စုံတစ်ယောက်စီက လက်ခံရရှိတဲ့ဘယ်အရာကိုမဆို ပြီးစလွယ်မစွန့်ပစ်တတ်သောအကျင့်ရှိသည်မို့ထိုစာအိတ်ကိုဘာရည်ရွယ်ချက်မှမရှိပဲသိမ်းထားမိလိုက်သည်ကပြသာနာတစ်စုံတစ်ရာဖြစ်လာမည်ဆိုတာကိုJayမသိခဲ့ပေ။

.........

''Sam မနက်ဖြန်Chuseokပိတ်ရက်ကိုဘာလုပ်မှာလဲ''

တစ်လလောက်အကြာစာသင်ပေးပြီးတဲ့နောက်မှာတော့ လူဆိုး လေးက စာသင်ချိန်ဆိုသူ့စကားနားထောင်ပြီးစာသေချာလေးလိုက်လုပ်ကာSamဆိုပြီးလဲလေးလေးစားစားခေါ်တတ်ပါသေးသည်။ပြန်ခါနီးစာအုပ်တွေသိမ်းနေရင်းမေးလာသည်မို့ ထိုကောင်​လေးကိုကြည့်ကာ
ဖြင့်ပြန်ဖြေမိသည်။

Because Of You [Completed]Where stories live. Discover now