''ဝန်း မနက်ဖြန် ကိုယ်နဲ့တစ်နေရာလိုက်ခဲ့ပေးလို့ရမလား''
စာသင်ချိန်ပြီးတော့ပြန်ခါနီးမှာ Jayက မေးလာခြင်းဖြစ်သည်။သူ့လူကြီးနဲ့ဆိုကမ္ဘာအဆုံးထိလိုက်ရလိုက်ရလိုက်ဖို့အသင့်ဖြစ်နေသောထိုကောင်လေးကတော့ မျက်လုံးဝိုင်းဝိုင်းများကိုမှေးကျသွားသည်အထိပြုံးပြရင်းခေါင်းကိုတသွင်သွင်ငြိမ့်လေ၏။
''yes yes..Date? Samကဘယ်ခေါ်သွားမလို့လဲ''
လက်ထဲကဘောပင်လေးကိုလှည့်ကာဖြင့်အလှပဆုံးပြုံးနေရင်းမေးလာသည့်ထိုကောင်လေးအားသဘောတကျကြည့်မိတော့ ဒီအပြုံးတွေကိုသူ့မေမေမြင်ရင်သဘောကျနေမလား။သေချာပေါက်သဘောကျမှာ။
''ကိုယ့် မေမေနဲ့ မိတ်ဆက်ပေးမလို့''
''အဲ!''
လက်ထဲကဆော့နေသောဘောပင်လေးပြုတ်ကျသွားရတဲ့အထိထိုကောင်လေးကအံ့သြ သွား ပုံရသည်။ တွဲလာတာ..အင်း..တွဲနေကြတာ ၆လ ကျော်လို့၇လထဲပင်ရောက်တော့မည်ဆိုသော်လဲ သူမအားလပ်တဲ့ချိန်တွေများတာကြောင့်ကောင်းကောင်းဒိတ်ဖြစ်တာမျိုးမရှိ။စာသင်ချိန်တစ်နာရီလေးကိုလဲ စာပဲသေချာလိုက်နားထောင်နေသောထိုအဆိုးလေးသည် သူ့အခြေနေကိုသိတာမို့ ဘာမှအတင်းတောင်းဆိုမနေ။တစ်ပတ်ကို၄ရက်လောက်သူအလုပ်လုပ်သည့်Cafeမှာလာထိုင်တတ်သည်ကလွဲလို့ပေါ့။အလုပ်လုပ်နေတဲ့Samပုံစံက အများကြီး ကြည့်လို့ကောင်းလိုက်တာဟုဆိုကာ သူ့အချိန်ပိုင်းအလုပ်တွေရှိရာနောက်တစ်ကောက်ကောက်လိုက်နေသည့်ထိုကောင်လေးက လူလစ်ရင်လစ်သလိုသူ့အားခိိုးနမ်းတတ်သလို
တစ်ခါတစ်ရံလဲသူ့ဆီမှအနမ်းတို့ကိုလိုလိုချင်ချင်ဖြင့်တောင်းဆိုတတ်ပါသေး၏။ငြိမ်ကုပ်သွားတဲ့ကြောင်ပေါက်ကလေးက ဘာစကားမှမဆိုလာတာမို့..
''ဘာလို့လဲ ဝန်း.. အဆင်မပြေလို့လား? ကိုယ့်မေမေနဲ့ မတွေ့ချင်...''
''အာ..မဟုတ်တာ! တွေ့ချင်တယ် တွေ့ချင်တယ်! !''
''ဖြေးဖြေးပြောလဲရပါတယ် ဝန်းရယ်။ ကိုယ့်နားတွေအူသွားပြီ''
''ဒါပေမဲ့ ...''
''ဒါပေမဲ့ ဘာဖြစ်လဲ ပြောပါအုံး ''
YOU ARE READING
Because Of You [Completed]
Romance''JongSeongieကြောင့်သာမဟုတ်ခဲ့ရင်လေ ချစ်တတ်ဖို့ကို ကျွန်တော်ရွေးချယ်ခဲ့မှာမဟုတ်ဘူး '' ''ကိုယ်ကတော့ မင်းကြောင့်သာ၊ မင်းရှိနေလို့သာ အသက်ဆက်ရှင်ခဲ့ရတာ ဝန်းဝန်းလေး ရဲ့''