Part 4.

646 91 14
                                    

''လိုက်ပို့ပေးတာကျေးဇူးပါပဲ''

Jay၏အိမ်ရှေ့ရောက်ရောက်ချင်းJayဆီမှထွက်ပေါ်လာသောစကားသံဖြစ်သည်။ဘေးမသီရန်မခပဲအိမ်ကိုတန်းတန်းမတ်မတ်ပို့ပေးတာမို့တကယ်ကျေးဇူးတင်မိတာမို့ကျေးဇူးတင်စကားဆိုလိုက်ခြင်းဖြစ်သည်။ ညဦးပိုင်းဖြစ်သော်လဲ ရပ်ကွက်အစွန်ဆုံးမို့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက်။ Helmetကိုပြန်ယူတော့ ထိုကောင်လေးဆီမှအသံထွက်လာသည်။တိတိကျကျပြောရရင် ကောင်လေး၏အစာအိမ်မှထွက်လာသောအသံ။
''ဂွီ''

''ခိ..အဟမ်း..ဗိုက် ..ဗိုက်ဆာနေတာလား. ''

မရီမိအောင်ထိန်းပြောမိသော်လဲ နှုတ်ခမ်းပါးပါးမှာ အပြုံးတစ်ခုရှိနေတာကတော့ လမင်းကြီးသာအသိဆုံးဖြစ်ပေလိမ့်မည်။

''ဟုတ်တယ် ခင်များ ကိုစောင့်နေရတာနဲ့တင် ကျနော်ညစာလွတ်ရတာ..ပြန်ပြီ..''

''ဟိတ်..ခေါက်ဆွဲ စားသွားမလား''

ရုတ်တရက်စကားအသုံးနှုန်းက လိုအပ်တာထပ်ပိုပြီးချိုမြိန်နေသည်မို့မျက်ခုံးတို့တွန့်သွားခဲ့ရသည်။ထိုလူကြီးကသူ့စကားအသွားအလာကိုသူပြန်ရိပ်မိပြိီးပြာပြာလဲလဲ ပြန်ရှင်းသည်။

''ကိုယ်ပြောတာ..ကိုယ်ပြောတာ..ရိုးရိုးခေါက်ဆွဲကိုပြောတာ..''

''ဘယ်သူကဘာပြောနေလို့လဲ..လူကြီးတွေများ..မလုံမလဲ နဲ့..''

''ဟိတ်.မင်း....ထားပါ..အိမ်မှာခေါက်ဆွဲထုတ်တွေပဲရှိတာ..စားဖူးရဲ့လား..အသင့်စားခေါက်ဆွဲကိုလေ..သုံးမြောင့်ထမင်းလိပ်တောင် မစားတတ်တဲ့သူဆိုတော့..မေးကြည့်တာပါ..''

''အဖွားက အသင့်စားတွေက ကျန်းမာရေးအတွက်မကောင်းဘူးဆိုပြီး အိမ်မှာ လုပ်မကျွေးဘူး..သူငယ်ချင်း တွေနဲ့ တူတူ တခါတလေတော့Storeမှာထိုင်စားဖူးပါတယ်''

''အင်း..စားမယ်မလား..လိုက်ပို့ပေးလို့ ဆီဖိုးအနေနဲ့ ခေါက်ဆွဲ ပြုတ်ကျွေးပါ့မယ်''

''အင်း..ဗိုက်ဆာနေတာမို့..အားမနာတော့ဘူးSam''

''Ahaha..အိုကေ ပါ''

ဆိုင်ကယ်ကိုအိမ်ရှေ့မှာသော့သေချာခတ်ပြီး Jay၏အိမ်ထဲသို့အတူဝင်လာခဲ့တော့သည်။

Because Of You [Completed]Where stories live. Discover now