Part 7.

649 92 12
                                    

''စီနီယာကိုပြောစရာရှိတယ် Yura နဲ့ ခဏလိုက်ခဲ့ပေးလို့ရမလား''

Canteenမှအပြန်ဌာနဘေးကLibraryသို့သွားခါနီးခြေလှမ်းတို့သည်အရင်နေ့ကသူ့အားစာပေးခဲ့ဖူးသောမက်မွန်သိီးနှင့်တူသည့်ကောင်မလေးကြောင့်ရပ်တန့်သွားခဲ့ရသည်။အရမ်းSeriousဖြစ်နေဟန်တူသောမျက်နှာရိပ် မျက်နှာကဲကြောင့်Jayလဲစကားအပိုမမေးတော့ပဲထိုကောင်မ​လေးခေါ်ဆောင်ရာ ခုံတန်းဆီသို့လိုက်သွားခဲ့မိတော့သည်။ အပင်အရိပ်ကြောင့် ပတ်ဝန်းကျင်ကအေးမြနေသော်လဲထိုကောင်မလေးကတော့အနည်းငယ်ပူလောင်နေဟန်ပေါ်သည်။နဂိုကပန်းရောင်သန်းနေသောသူမ၏မျက်နှာသည် သူရှိနေသောကြောင့်ပိုရဲတက်လာဟန်။ စောစောကဆွဲခေါ်လာတာသူမ မဟုတ်သည့်အတိုင်း ပင်။ ခုံမှာဘေးချင်းကပ်ထိုင်နေတာ တစ်မိနစ်လောက်ရှိသွားပြီးဘာစကားမှထွက်မလာသောကြောင့် Jayသည်စိတ်မရှည်စွာဖြင့်မေးခွန်းထုတ်လိုက်ရတော့သည်။

''ဘာများပြောစရာရှိလို့လဲမသိဘူးဗျ''

Jay၏ ကြည်လင်ချိုမြသောအသံကြောင့် ထိုကောင်​မလေးသည် ပြောစရာစကားပင်မေ့သွားဟန်ဖြင့်Jay အား တမေ့တမောငေးနေပြန်ပါရော..

''Hey..ကိုယ်ပြောတာ ကြားရဲ့လား''

''Ah..စီ ..စီနီယာ မှာ..ဟို..လူဆိုးဂိုဏ်းလို..အသိတွေများရှိတာလား.ဟိုလိုလေ..လူဆိုး ဂိုဏ်းနဲ့များပတ်သတ်နေသလား ဟင်''

''ဟင်..နေပါအုံး..မင်း..ကိုယ်နားလည်အောင် ပြောပေးလို့ရမလား..လူဆိုးဂိုဏ်း..ဘာကိုပြောတာလဲ..''

''Yura ခြိမ်းခြောက်ခံရတယ်..ညနေဘက်ကို..အတန်းပြီးတော့ပြန်လာတော့..ခပ်ဆိုးဆိုးပုံနဲ့ကောင်လေးနှစ်ယောက်က Yura ကိုဆွဲခေါ်လာပြီး..စီနီယာနဲ့မပတ်သတ်ဖို့လာပြောတယ်..
စီနီယာ နဲ့ပတ်သတ်တဲ့သူတွေကိုအလွတ်မပေးဘူးတဲ့..Yuraကိုလဲ စီနီယာဘေးကဝေးဝေးနေတဲ့မဟုတ်ရင်အန္တာရယ်ဖြစ်လာမယ်ဘာညာနဲ့..ပြောဆိုသွားတာ..တော်သေးတယ် တခြား စီနီယာ အကိုတစ်​ယောက်ရောက်လာလို့..ဒါတောင်အဲ့အကိုသိတာဘေးကလူကိုသိတာ
Yuraကိုခြိမ်းခြောက်တဲ့သူက ဘယ်သူ့မှကြောက်မဲ့ပုံလဲမပေါ်ဘူး..''

ထိုကောင်မလေးပြောနေသည့်စကားတို့ကြောင့်Jayမှာအံ့သြမှုများစွာဖြင့်။သူ့မှာ ထိုကဲ့သို့ လူဆိုးဂိုဏ်းများနှင့်အဆက်အသွယ်လဲမရှိရသလို အပေါင်းအသင်းတောင်များများစားစားမရှိတာမို့ အမှန်တကယ်ကိုပင် ထိတ်လန့်မိသွားတာမငြင်းလိုပေ။

Because Of You [Completed]Where stories live. Discover now