Part 9.

586 83 15
                                    

''ဝန်းလေးက သူ အရမ်းသဘောကျတဲ့ အရုပ်လေးကိုတောင်ဆော့ရတာပျင်းလာရင်လွှင့်ပစ်တတ်တဲ့အကျင့်ရှိတယ်''

ဥက္ကဌယန်း၏စကားသံက သူ့ရှေ့က ကော်ဖီပူပူထပ်ပင် ပူလောင်မည့်သံရည်ပူလို၊ အေးဆေးတည်ငြိမ်သောစကားသံဆိုသော်ငြားလဲ သူ့အတွက်ကတော့မိုးချိန်းသံလို၊ နားတွေအူပြီးရင်တွေတုန်လာရ၏။ စိတ်မအေးရ သည့်အချိန်တိုင်းသူလုပ်နေကျအကျင့်ဖြစ်သည့်လက်သည်းတို့ကိုကုတ်ခြစ်တတ်သည့်အကျင့်ကအခုချိန်မှာထိန်းမရတဲ့အထိ ဖြစ်လာတာမို့ လက်မနားကအရေပြားတို့ သွေးစို့လာရတဲ့အထိခြစ်ကုတ်နေမိ၏။

Jayက ဂျောင်ဝန်း၏စာမေးပွဲရက်နီးလာပြီဖြစ်သည်မို့ ဂျောင်ဝန်းအတွက်စာကြည့်ဖို့
Timetableသေချာဆွဲပေးကာ အလွယ်တကူပြန်ကြည့်နိုင်ဖို့အတွက်အရေးကြီးသည့် notes လေးများကို သေချာရေးနေတုန်း Jayအိမ်ရှေ့တံခါးထိအရောက်လာကာ လာကြိုပေးသော ဥက္ကဌယန်၏အတွင်းရေးမှုးခေါ်ဆောင်ပေးမှုကြောင့် ဥက္ကဌယန် ၏ရုံးခန်းထဲ၌ရောက်နေခြင်းပင်ဖြစ်သည်။

ရုံးခန်း၏တိတ်ဆိတ်မှုနှင့်အတူသြဇာညောင်းသည့်ဥက္ကဌ၏မျက်လုံးအစုံကြောင့် Jayက ပုံမှန်ထပ်ပိုပြီးစိတ်လှုပ်ရှားကာကြောက်ရွံနေသလိုခံစားနေရတာကိုတော့ဝန်ခံချင်မိ၏။

တိတ်ဆိတ်နေသောရုံးခန်းအတွင်းမှာ Airconမှလေအေးတို့ထုတ်လွှင့်ပေးနေသော်လဲ Jayကတော့ရင်ပူနေတာမို့ ၊စိုးရိမ်စိတ်တို့များနေတာမို့ ချွေးစအနည်းငယ်ဆို့လာ၏။
ဥက္ကဌ၏စကားတစ်ခွန်းကိုနားထောင်ရုံနှင့်တင်
သူနှင့်ဂျောင်ဝန်းကိစ္စကိုဥက္ကဌကသိနှင့်နေလောက်ပြီဆိုတာကို အရိပ်အကဲနားလည်သည့်
Jayကခပ်မြန်မြန်ပင်သဘောပေါက်လိုက်သည်။

''ဂျောင်ဝန်း နဲ့ ဆက်ပြီး အဆက်အသွယ်မလုပ်စေချင်ဘူး''

ထပ်မံထွက်ပေါ်လာသည့်စကားသံကJay၏ နှလုံးသားတည့်တည့်ကိုဓားသွားခပ်ရှရှနှင့် ထိုးချလိုက်သလိုမျိုး။

''အန်ကယ့် မှာ ဂျောင်ဝန်း တစ်ယောက်ပဲရှိတာ။
ကျန်တာ အားလုံးကို ဂျောင်ဝန်းစိတ်တိုင်းကျ ခွင့်ပြုပေးလို့ရပေမဲ့ မောင်ရင်နဲ့ချစ်ကြိုက်နေတာမျိုးကိုတော့အန်ကယ်အနေနဲ့ခွင့်ပြုပေးဖို့မလွယ်ဘူး။ ဒါက အန်ကယ့်ရဲ့အတ္တသပ်သပ်ဖြစ်တာမို့ အန်ကယ့်ကိုနားလည်ပေးဖို့အတွက်လဲမတောင်းဆိုချင်ဘူး။ ''

Because Of You [Completed]Where stories live. Discover now