နေသာသည့်တနင်္ဂနွေနေ့ဟာ ပုံမှန်ထပ်ပိုပြီးတိတ်ဆိတ်နေ၏။အလုပ်ပိတ်ရက်ဖြစ်တာမို့ဥက္ကဌယန်က ဧည့်ခန်းမှာထိုင်ရင်း ကော်ဖီတစ်ခွက်သောက်ကာ Tabletတစ်လုံးဖြင့် Stocks Shareတို့အတက်အကျစျေးနှုန်းတို့ကိုကြည့်ရင်း အနည်းငယ် အလုပ်ရှုပ်နေ၏။
''ဝန်းလေး! ! ဒီကိုခဏလာဦး ''
အိမ်အပေါ်ထပ်မှဆင်းလာသော၊အပြင်ထွက်ဖို့ကြံရွယ်နေသော ဂျောင်ဝန်းကို သူ့ဖေဖေကလှမ်းခေါ်လိုက်တာမို့ အနှီကောင်လေးက စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းကိုကုတ်ရင်း ရောက်ရှိလာ၏။
''ဘာပြောမလို့လဲ ဖေဖေ ၊အရေးမကြ်ီးရင်နောက်မှပြောပါလား။ သား ချိန်းထားတာ နောက်ကျနေပြီ''
ဂျောင်ဝန်းက ဆိုဖာမှမထိုင်သေးပဲ မတ်တပ်ရပ်အနေအထားဖြင့် သူ့ဖေဖေကိုမေးခွန်း ထုတ်၏။
''အရေးကြီးတယ် ၊ အရေးကြီးတာမို့ ထိုင်ဦး ''
သူ့ဖေဖေစကားအဆုံးမှာ ဆိုဖာပေါ်သို့စိတ်ပျက် လက်ပျက်ထိုင်ချလိုက်သော ဂျောင်ဝန်းက ဂျစ်ကန်ကန်အကြည့်တို့ဖြင့်။
''Go.M Group က အငယ်ဆုံး သမီးလေးနဲ့ စေ့စပ်ဖို့ကိစ္စကိုပြောမလို့ ဝန်းလေး။
သား ကျောင်းပြီးတာနဲ့ လက်ထပ်ပွဲ လုပ်ပေးမလို့။ သားနဲ့ရွယ်တူဆိုပေမဲ့ ကလေးမလေးက အခုဆိုလုပ်ငန်းခွင်တောင်ဝင်နေပြီ။ သိပ်ကိုတော်တာ! ''ဥက္ကဌယန်က သကာရည်လောင်းထားသည့်အပြုံးမျိုးဖြင့် သဘောတကျပြောသည်။
''ဒါဆို ဖေဖေပဲယူလိုက်ပါလား? ''
ဂျောင်ဝန်း ကမထိမဲ့မြင်အပြုံးဖြင့်ခွန်းတုံ့ပြန်တာမို့ ဥက္ကဌယန်၏မျက်နှာသည် မီးကျွမ်းသွားသည့်ခရမ်းချဥ်သီးတစ်လုံးလိုမျိုး ရဲတက်ပြီးဒေါသအရှိန်တို့ကထောင်းခနဲကြွလာရ၏။
''မင်း! ! ဝန်းလေး မင်းကိုဒီလို မိုက်ရိုင်းတဲ့ပုံစံနဲ့မိဘကို ဆက်ဆံဖို့.မွေးထားတာ မဟုတ်ဘူး ကွ! ! '''
''ဒါဆို ဘာလုပ်ဖို့မွေးထားတာလဲ။ စီးပွားရေး အရ လက်ထပ်ပါတယ်အမည်ခံပြီးရောင်းစားပစ်ဖို့မွေးထားလား ? ကျွန်တော် အခုထဲကတစ်ခါထဲ အပြတ်ပြောထားလိုက်မယ်။ ကျွန်တော်မှာချစ်ရတဲ့သူရှိတယ်။ သူကလွဲရင်
ဘယ်သူ့ကိုမှလက်ထပ်မှာမဟုတ်ဘူးဖေဖေ''
YOU ARE READING
Because Of You [Completed]
Romance''JongSeongieကြောင့်သာမဟုတ်ခဲ့ရင်လေ ချစ်တတ်ဖို့ကို ကျွန်တော်ရွေးချယ်ခဲ့မှာမဟုတ်ဘူး '' ''ကိုယ်ကတော့ မင်းကြောင့်သာ၊ မင်းရှိနေလို့သာ အသက်ဆက်ရှင်ခဲ့ရတာ ဝန်းဝန်းလေး ရဲ့''