Part 2.

671 95 4
                                    

အခန်းပြတင်းပေါက်၏လိုက်ကာကိုဆွဲလိုက်တော့မနက်ခင်း၏နေရောင်ခြည်နုနုသည်သူ၏မျက်နှာပေါ်သို့ဖြာကျလာသည်။ သူနေသည့် အိမ်ငယ်ကလေးသည် ရပ်ကွက်၏
ထောင့်ဆုံးမှာမို့ တိတ်ဆိတ်ငြိမ်သက်ကာအေးအေးဆေးဆေးရှိလှသည်။သူကိုယ်တိုင်ကလဲနားအေးပါးအေးဖြင့်အရှုပ်ရှင်းကင်းကင်းနေချင်သောကြောင့်လူတွေနှင့်ဝေးရာဒီနေရာလေးမှာနေထိုင်နေခြင်းဖြစ်သည်။ရပ်ကွက်၏အစွန်ဆုံးနေရာမို့ အိမ်နီးချင်းဆိုလို့များများစားစားမရှိလှ။သူကိုယ်တိုင်ကလဲစကားနည်းကာအေးအေးဆေးဆေးနေလိုသူမို့အခုအ​ခြေနေကသူ့အတွက်တော့အကောင်းဆုံးပင်။
ပြတင်းပေါက်ဖွင့်ကာလှည့်ထွက်မိတော့စားပွဲပေါ်မှာအခန့်သားရှိနေသည်ကသုံးမြှောင်ထမင်းလိပ်တစ်ခုရယ်လိမ်းဆေးဗူးရယ်..
သူတောင်မသိလိုက်ခင်ပြုံးမိသွားတာကတော့မနေ့ညကချာတိတ်လေးကိုပြန်မြင်ယောင်မိသောကြောင့်ပင်ဖြစ်သည်။သေချာပေါက်လူဆိုးလေးဖြစ်မည်ဆိုတာထိုကောင်လေးပုံစံကိုကြည့်တာနဲ့တင်သိနိုင်သည်။ မျက်လုံးဝိုင်းဝိုင်းပါးဖောင်းဖောင်းလေးကိုမှအားမနာပဲ ဆိုးချင်တိုင်းဆိုးနေမည့်လူဆိုးလေးပဲ ဖြစ်လိမ့်မည်။ ခေါင်းကိုခါရမ်းကာဖြင့် ရေချိုးဖို့အတွက်စတင်ပြင်ဆင်မိတော့သည်။
မနက်ခင်းပိုင်းနာရီဝက်လောက်Workoutလုပ်ပြီးမှရေချိုးတတ်တာသူ့အကျင့်ပင်။ ​ပြီးရင်
မနက်စာစားကာကျောင်းသွားရမည်။ဒီနှစ်ကနောက်ဆုံးနှစ်မို့ ဘွဲ့ရပြီးတာနှင့်အလုပ်အကိုင်အတည်တကျရှိရင်တော့ အချိန်ပိုင်းအလုပ်တွေဖြင့်ပင်ပန်းစရာမလိုတော့ပေဟုသူတွေးမိသည်။
​မနက်စာစားပြီးတော့ ကျောင်းသို့ ထွက်ခဲ့သည်။နောက်ဆုံးနှစ်မို့အတန်းချိန်တွေကအပြည့်မရှိတော့သော်လဲproject presentationတွေအတွက် သူငယ်ချင်း တွေနဲ့ဆုံရအုံးမည်မို့ ကျောင်းကိုအချိန်ပြည့်နီးနီး သွားရသည်။
သူငယ်ချင်း တွေနှင့်မဆုံခင် Intershipကိစ္စနှင့် ဒီနှစ်အတွက် Scholar ကိစ္စအတွက် ဌာနမှုးနှင့်စကားပြောရန်ဌာနရှိရာသို့အရင်လာခဲ့လိုက်တော့သည်။
ဌာနရှေ့ကလျှောက်လမ်းတွင်သူတို့ထပ်တစ်နှစ်ကြီးသည့်စိီနီယာအကိုနှင့်တိုက်တိုက်ဆိုင်ဆိုင်ဆုံမိပါရောလား..

Because Of You [Completed]Where stories live. Discover now