Part 10.

660 87 22
                                    

''ဒီနေ့ အတန်းချိန်က Professor အသစ် ဝင်မှာတဲ့ ဂျောင်ဝန်း''

Class မစခင် ကော်ဖီအေးတစ်ဗူးကို သောက်နေသည့် ဂျောင်ဝန်းကို ချွဲဂွန်းက စကားစလိုက်ခြင်းဖြစ်၏။
အထက်တန်းထဲက အတူ တတွဲတွဲ ဖြစ်သည့် သူငယ်ချင်းတွေထဲမှာ သူနှင့်အတူ တက္ကသိုလ်အထိအတူရှိလာတာကတော့ချွဲဂွန်းပင်ဖြစ်၏။
ဂီဟျော့နှင့်ဝူဘင်ကတော့တက္ကသိုလ်မတူပေမဲ့လို့တစ်လတစ်ခါလောက်တော့အမြဲတမ်းဆုံဖြစ်ကာ ဆိုင်ကယ်မောင်းထွက်လိုက်၊ ပျော်ပါးလိုက်၊သောင်းကျန်းလိုက်နှင့်အတွဲညီတုန်းပင်။

''အဲ့တာကြောင့် အတန်းထဲက မိန်းကလေးတွေက အဲ့လိုတွေဖြစ်နေကြတာလား''

ဂျောင်ဝန်းက အတန်းပတ်ပတ်လည်ကိုဝေ့ဝဲကြည့်ပြီး ပြန်ဖြေလိုက်ခြင်းဖြစ်၏။
မိန်းကလေးများသည် သူ့အုပ်စုနှင့်သူ တီးတိုးစကားဆိုလိုက်၊မှန်ကိုထုတ်ကာ အလှပြင်လိုက်နှင့်အလုပ်ရှုပ်နေခြင်းကြောင့်ပင်ဖြစ်၏။

''အေး ၊ ငါလဲ ကြားလာတာတော့ Prof က နိုင်ငံခြားကပြန်လာတာတဲ့ ။ ခပ်ငယ်ငယ်နဲ့ prof ဖြစ်လာတာမို့အရမ်းတော်တယ်ဆိုပဲ၊ ချောလဲချောတယ်ဆိုလား အဲ့တာကြောင့် သူတို့ကအဲ့လိုဖြစ်နေတာနေမှာပေါ့''

ချွဲဂွန်းက ဂျောင်ဝန်းဘေးမှာ နေရာယူရင်း သူယူလာသည့် အချိုရည်ဗူးကိုဖောက်သောက်ရင်းအဖြေပြန်ပေး၏။

ချွဲဂွန်း နှင့်ဂျောင်ဝန်းက တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်သည်။ ဂျောင်ဝန်း က အထက်တန်းကိုနှစ်ခြင်းပေါက်အောင်သွားသော်လဲ တက္ကသိုလ်ပထမနှစ်မှာ စာမေးပွဲကျ၏။
ချွဲဂွန်း ကတစ်နှစ်နောက်ကျပြီးမှ တက္ကသိုလ်ဝင်ခွင့်ရခဲ့တာမို့  အတန်းတူတူပြန်ဖြစ်ကာ
Final yr ထိ လုံးချာလည်ချာလိုက်ရင်းရောက်လာခဲ့ကြတာဖြစ်၏။

သိပ်မကြာပါ၊ အတန်းထဲက မီးစသေးသေးလေးတွေလိုရှုးရှုးရှဲရှဲ ဖြစ်နေသည့်အသံငယ်တို့သည် Class၏ ရှေ့က Stageငယ်ပေါ်သို့ လူတစ်​ယောက်ရောက်လာသောအချိန်တွင် ရေနှင့်​ဖြန်းပက်ခံလိုက်ရသည့်မီးစလိုမျိုး ငြိမ်သက်သွား၏။
ထိုလူက Style-Pant အနက်ရောင်ကိုBeltနှင့်တွဲကဝတ်ဆင်ထား၏၊ဆင်စွယ်ရောင်Shirtလက် ရှည်ကိုဝတ်ပြီးတံတောင်ဆစ်အနားထိခေါက်တင်ထားသောကြောင့်လက်ဖျံမှသွေးကြောစိမ်းစိမ်းတို့ကအထင်သား၊ အနက်ရောင် ကွပ်ထားသောလေးထောင့်မကျတကျမျက်မှန်သည်သူ၏မျက်နှာနှင့်အလွန်ပင်ပနံသင့်သည်။

Because Of You [Completed]Where stories live. Discover now