Part 6.

622 88 3
                                    

''ခင်များကိုကျနော်သဘောကျတယ် Jongseongie..ခင်များက ကျနော့်အပိုင်ပဲ''

''မင်း.. မင်း မူးနေပြီ ဂျောင်ဝန်း ပြန်ရအောင်''

''....''

''ခင်များ က ကျနော့်ကို သဘောမကျလို့လား''

''မင်းအရမ်းမူးနေတယ် ဝန်း..မနက်ဖြန်ကျရင်မင်းလုပ်ရပ်တွေအတွက် နောင်တရရင်ရနေမှာ..မင်းအခုပုံမှန်အသိစိတ်မဟုတ်ဘူး''

''ခင်များ က ကျနော့်ကို မယုံဘူး ပဲ..အစကနေအဆုံးထိ ကျနော် ပဲ အရူးကြီးလို သဝန်တွေတို ခဲ့ ဂရုစိုက်ခဲ့ ချစ်ခဲ့ရတာပေါ့..ဟုတ်လား..
ခင်များက ဘာမို့လို့ ကျနော်ချစ်မိသွားအောင်လုပ်ခဲ့တာလဲ..ခင်များမှာဘာအခွင့်ရှိလို့
ကျနော့် ကိုချစ်တတ်လာအောင်သင်ပေးခဲ့တာလဲ..ခင်များကိုဖေဖေငှားထားတာစာသင်ပေးဖို့ပဲ..ချစ်တတ်အောင်သင်ပေးဖို့မဟုတ်ဘူး..ခင်များသိရဲ့လား''

မူးပြီး ပြောချင်ရာတွေဇွတ်ပြောနေသောထိုကောင်လေးသည် မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်ပဲ ထိုင်ရာကနေ ကလေးပေါက်စတွေဂျီကျသလိုခြေထောက်ဆောင့်ပြီးငိုကြွေးမတတ်အော်ဟစ်ရင်းသူပြောချင်ရာတွေက်ိုပြောနေသည်။ အနမ်းခံလိုက်ရလို့ ရင်ခုန်နေတာထပ်ဒီကောင်လေးကမူးနေတာမို့ဒီကောင်​လေးစကားတွေကိုအပြည့်အဝမယုံနိုင်မို့ရင်ခုန်တစ်ဝက်မယုံနိုင်တစ်ဝက်ဖြင့်သာ။ ဒီနေ့တစ်နေ့လုံး ရိုလာကိုစတာစီးနေရသလိုစိတ်အတက်အကျတွေ ကပြောင်းကပြန်ဖြင့်မို့လူက ဘယ်လိုမှရပ်တည်နိုင်စွမ်းမရှိတော့သလ်ိုပင်။အရက်ပြင်းပြင်းတစ်ခွက်ကြောင့်သူသည်လဲရီဝေမူးနောက်လာရသည်။

''ပြန်ရအောင်ဂျောင်ဝန်း..ကိုယ်ပြန်လိုက်ပို့ပေးမယ်''

ဆိုဖာပေါ်မှာပုံရပ်သားထိုင်နေသောထိုကောင်​လေးအားလက်လှမ်းကာမတ်တပ်ထဖို့ကူညီပေးသော်လဲသူ၏လက်အားထိုကောင်လေးက တွန်းထုတ်ပြန်သည်။ ထို့နောက် ယိုင်တိုင်တိုင်ဖြင့် မူမမှန်သော​ခြေလှမ်းများဖြင်အခန်းထဲမှထွက်သွားလေသည်။ထိုကောင်လေးသည်မူးနေပြီးခြေလှမ်းတွေမမှန်နေသော်လဲခပ်သွက်သွက်လှမ်းနေတာမို့အနောက်ကနေအမှီပြန်လိုက်ရန်မနည်းကြိုးစားလိုက်ရသည်။အခန်းထဲကထွက်လာတော့အပြင်လောကသည်ပိတ်ရက်ဖြစ်တာမို့အနည်းငယ်ရှုပ်ထွေးနေသည်။ Bar ဆိုတော့သူ့လူကိုယ့်လူများဖြင့်ရှုပ်ယှက်ခက်လျက်မီးမှောင်မှောင်တို့ကြောင့်ထိုကောင်လေးကိုမျက်ခြေပင်ပျက်သွားရသည်။ Bar ၏ အပြင်ရောက်တော့မှလမ်းမီးရောင်ကျေးဇူးဖြင့်ထိုကောင်လေး၏ခေါင်းနီနီလေးကိုမြင်ရတော့သည်။

Because Of You [Completed]Where stories live. Discover now