ဟျောင်းသည် ပျောက်သွားပြီးပြန်ရောက်လာသည့်အချိန်ကစ၍ ပုံမှန်မဟုတ်။ တစ်ခုခုမှာယွင်းနေသည်။ ဟျောင်း ထိုတစ်ဆယ့်ကိုးရက်အတွင်းမှာ ဘယ်လိုအခြေအနေတွေကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတာ ရူးမတက်သိချင်မိသည်။ သို့ပေသိ ဟျောင်းကိုစိတ်ဆင်းရဲမခံနိုင်....။
ထိုအခြေနေလေးအတိုင်းသာ ဟျောင်းရဲ့ လှုပ်ရှားမှုတွေကို ဆောနူစောင့်ကြည့်ခဲ့သည်။ ပြန်ရောက်ကတည်းက ထူးဆန်းနေတာမှန်ပေမယ့် ပိုပြီးမူမမှန်ဖြစ်ခဲ့တာ ဒီနေ့မနက်...
ဆောနူအမြင်မှားသည်မဟုတ်။ အသေအချာကို လွန်ခဲ့တဲ့နှစ်နှစ်က မတော်တဆမှုမှာ ချို့တဲ့ခဲ့ရတဲ့ ဘယ်ဘက်ခြေထောက်အစား ညာဘက်ခြေထောက်က ထောင့်နဲ့နဲ့ ဖြစ်နေခဲ့တာ။
ဆောနူအလွန်ထိန့်လန့်ခဲ့ပေမယ့် ဟျောင်းကိုယုံကြည်ချင်ခဲ့တယ်။ ဟျောင်းက သူမသိနိုင်အောင် တစ်ခုခုကိုဖုန်းကွယ်ထားရင်တောင်ပေါ့ ဟျောင်းကိုပဲ ယုံကြည်ချင်ခဲ့တာ။
သို့သော် ဆောနူရဲ့သံသယတွေကို ဟုတ်ပါတယ်လို့ မြင်သာအောင် ဒီညတစ်ညက ပုံဖော်ပေးခဲ့တာပဲ ။
ဆောနူ အိပ်နေခဲ့သည်မဟုတ် စာဖတ်ရတာ အနည်းငယ်ကြာလာတာကြောင့် မျက်လုံးတွေကိုခဏအနားပေးရုံ မှေးထားခြင်း...။ စောစောအိပ်ရမယ်ဆိုပြီး အိပ်သွားသောဟျောင်းသည် ခဏအကြာတော့ ထလာကာ အနက်ရောင်လက်ရှည်တစ်ထည်ကို ဝတ်ဆင်နေသည်။ ဘာဆက်လုပ်မလဲသိချင်တာကြောင့် ဆောနူထိုစားပွဲခုံလေးပေါ်မှာသာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
ဟျောင်းက မျက်မှန်ကိုယူကာ တပ်လိုက်ပြီး သူ့ကိုကြည့်လာတာကြောင့် ဆောနူမျက်လုံးတွေမှိတ်ထားလိုက်သည်။ ခြေသံသည် အေးစက်စွာတစ်လှမ်းချင်းနီးကပ်လာသည်။ မျက်လုံးတွေကိုမှိတ်ကာ ငြိမ်နေပေမယ့် ဆောနူရဲ့စိတ်သည် အစိုးမရ အလွန်တုန်လှုပ်နေလေပြီ။ ဟျောင်းကို အခုလိုအခြေအနေမျိုး ပထမဆုံးမြင်ဖူးခြင်း.....။
ဟျောင်းက အမြဲတမ်းနူးညံ့တဲ့နှလုံးသားကိုပိုင်ဆိုင်ထားသည်လို့ ထင်ခဲ့သမျှ ထိုအခြေအနေသည် အဆန်းတကြယ် မဟုတ်ကြောင်းသက်သေပြနေပြီ။ ဟျောင်းက သူနဲ့လက်ထက်ပြီးကတည်းက တစ်ချိန်လုံးဟန်ဆောင်နေခဲ့သည်လား။ ဒါမှမဟုတ် အရင်ကတည်းက ဒါကဟျောင်းပုံစံလား။ ဘယ်ပုံစံက ဟျောင်းအစစ်အမှန်လဲ ။ ဆောနူသည် မေးခွန်းပေါင်းများစွာတန်းစီလျက်။
YOU ARE READING
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
Fanfiction"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."