- 12 -

420 61 0
                                    

12

Unicode version

"အသက်ရှူနေပါတယ် သွေးပေါင်ချိန်က 80 60 ပါ"

အသံတို့ကို ကြားရသည်။ ဝိုးတဝါးမြင်နေရသည်က အဖြူရောင်မျက်နှာကြက် ။

"သတိရှိလားမသိဘူး..."

ခွဲစိတ်ခန်းဝတ်စုံအပြည့်ဖြင့်ဆရာဝန်သည် ကုတင်ပေါ်မှ သွေးသံတရဲရဲဖြင့် အောက်ဆီဂျင်ပေးထားရသော လူနာအား အနည်းငယ် ပုတ်ခတ်ကာမေးကြည့်သည်။

"ဒါ ဘယ်‌ေနရာလဲဆိုတာကို သိလားခင်ဗျ"

ဆောနူသည်အသံတို့အားကြားတစ်ချက်မကြားတစ်ချက် မြင်ကွင်းတို့သည် ဝေးသွားလိုက်နီးလာလိုက်။ အရာအားလုံးသည် မပြတ်မသားဝိုးတဝါးဝါးသာ။ ပင်ပန်းလွန်းသည်။ နာကျင်ရလွန်းသည်။ အသက်သည်ရှူ၍လုံလုံလောက်လောက်မရ။ ထိုဝိုးတဝါးအရာများနှင့်အတူ ဆောနူရဲ့ မျက်လုံးတွေသည်လည်း ဖြည်းဖြည်းချင်းမှိတ်ကျသွားခဲ့ရသည်။

ထို့အတူနာကျင်ခြင်းတွေပျောက်ကွယ်သွားကာ.....

--------------------------

ရာသီဥတုသည် တကယ်ကိုသာသာယာယာလှလှပပ။

ကောင်းကင်ပြာကြီးထက်၌ ရွေးလျားနေကြသောတိမ်စိုင်ဖြူလေးတွေကလည်း ပနံသင့်စွာ
ရေကန်ကြီးနှင့်အတူ တစ်ဖက်ကိုလှမ်းမြင်နေရတဲ့ တောင်တန်းကြီးသည်လည်း တင့်တယ်စွာပင်.....။

ထိုကဲ့သို့သာယာနေသောနံနက်ခင်းလေးတွင် ရေကန်ကြီး၏ကမ်းစပ်၌ သီချင်းနားထောင်နေခဲ့သော ကောင်လေးတစ်ယောက်သည်လည်းအေးချမ်းမှုအပြည့်ဖြင့်။

ထိုနေ့သည်......

1997 May...

ရေကန်လေးရဲ့ဘေးမှာ သီချင်းနားထောင်ရသောခံစားချက်သည် ဘယ်တော့မှရိုးမသွား။ ထို့ကြောင့် အမြဲလိုလိုလာတတ်သည်။ ထိုနေရာလေးသည် လူသူလည်းသိပ်မလာတာကြောင့် တိတ်ဆိတ်ကာ အေးချမ်းသည်။ ကောင်လေးအတွက်ထိုနေရာသည် ကိုယ်ပိုင်နေရာလေးတစ်ခုလိုတောင်ဖြစ်ပါပြီ။

𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]Where stories live. Discover now