ကြောက်စရာကောင်းတဲ့ အိမ်မက်တွေရဲ့အလွန်မှာ လုံခြုံခြင်းနဲ့ပျော်ရွှင်ခြင်းလေးက ရင်ခွင်ထဲကို ပြန်လည်ရောက်ရှိလာခဲ့တယ်။
တစ်ဆယ့်ကိုးရက်မြောက်နေ့......
ဆယ့်ကိုးရက်ကြာပြီးနောက် ဟျောင်းပြန်လာခဲ့တယ်။
ဟျောင်းကိုမတွေ့ခဲ့ရတဲ့ ဆယ့်ကိုးရက်စာလုံးပေါင်းကာပါင်းကာ ရင်ခွင်ထဲမှာတင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားလိုက်သည်။
.............................
"ပြီးခဲ့တဲ့ ၁၉ ရက်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်လုံးဝမမှတ်မိတော့ပါဘူး"
ဧည့်ခန်းလေးထဲမှာပဲ ရဲတွေစုံစမ်းရေးတွေက မေးလာသမျှကို ဟျောင်းကထိုအတိုင်းသာဖြေသည်။
"ကျွန်တော်ဘယ်ကိုရောက်ခဲ့တယ်ဆိုတာကိုလည်း မသိဘူး သတိမေ့နေခဲ့တာ...ဘာမှမထိခိုက်ပဲ အိမ်ကိုပြန်ပို့ပေးခဲ့တာကိုပဲ ကျေးဇူးတင်နေပါပြီ...."
ဟျောင်းပုံစံက တစ်ခုခုကို ဖုန်းကွယ်ထားတယ် ဘယ်လိုကိစ္စတွေများကြုံခဲ့ရတာလဲ ဟျောင်းရယ်....
မိသားစုဆရာဝန်ကလည်း ပြောခဲ့တယ်။ ဟျောင်းက သူ့ဘဝရဲ့အနာကျင်ရဆုံမှတ်ဉာဏ်တွေကို ရအောင်မေ့ဖျောက်ပစ်တာတဲ့......
နာကျင်စရာအဖြစ်ပျက်တွေ ဖြစ်နေမည်စိုး၍ ဟျောင်းမေ့ထားချင်တဲ့အရာတွေကို ပြန်မတွေးစေချင်တာကြောင့် မည်သူမျှဖိအားမပေးခဲ့ကြ
အရာအားလုံးကလည်း ဘာမှမဖြစ်ခဲ့သလိုပင် အေးအေးဆေးဆေးနိုင်လွန်းကာ ပြီးဆုံးခဲ့ရသည်။
-နာကျင်စရာအမှတ်တရတွေ ဖြစ်ခဲ့ရင်လည်း ရုန်းထွက်ခဲ့ပါဟျောင်း...အားလုံးအဆင်ပြေသွားမှာပါ ဆောနူက ဟျောင်းကိုအမြဲ ထွေးပွေ့ထားမှာ-
ဒါပေမယ့်လည်း စိတ်ပူလှတယ်ဟျောင်းရယ်.....
......................
ကုတင်လေးထက်မှာ အိမ်မက်ဆိုးရဲ့ညချမ်းတွေလို ဆောနူတစ်ယောက်ထဲ မဟုတ်တော့.....
ပျော်ရွှင်မှုရဲ့လခြမ်းလေး ဟျောင်းရဲ့ရင်ခွင်ထဲမှာနွေးထွေးလုံခြုံလျက်......ဟျောင်းရဲ့လက်မောင်းလေးပေါ်ခေါင်းအုံးထားရင်း အရာအားလုံးဟာ မေ့မေ့ပျောက်ပျောက်.....
YOU ARE READING
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
Fanfiction"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."