13
Unicode version"သတိထားစမ်းပါ...ဒါကဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာသိရဲ့လား...ကိုယ်တွင်းအင်္ဂါခွဲစိတ်မှုလုပ်တာက ဆရာဝန်မဟုတ်ရင် ခွဲရောင်းပြီး ဘယ်လောက်မှ အသက်မရှည်ဘူး ခွဲစိတ်မှုလုပ်ရင်းသေသွားကြတာများတယ်..."
ဒါကဟျောင်းရဲ့ခွဲစိတ်မှုအတွက် ကြံမိကြံရာလုပ်မိခြင်း။ ခွဲစိတ်မှုကိုအမြန်ဆုံးလုပ်နိုင်မှ ဟျောင်းအတွက်အဆင်ပြေမည်မဟုတ်လား။ ထိုအတွက်ငွေလိုသည်။ အခုလို စီးပွားကပ်စိုက်နေတဲ့အချိန်ကြီးမှာ ငွေအလုံးရင်းလိုက်ရဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်။ ဒါကြောင့် အဆိုးဆုံးအခြေအနေထိ စိတ်ပိုင်းဖြတ်ပြီးမှု ဒါကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပေမယ့် ထိုလူက မလုပ်ပေးနိုင်ဘူးတဲ့လေ။ ကိုယ်တွင်းအင်္ဂါထုတ်ရောင်းရင်း ကျွန်တော့်အသက်ဆုံးရှူံးနိုင်တယ်တဲ့။ ကျွန်တော်ဘာဆက်လုပ်ရမလဲ ဟျောင်း....။
"မင်းရဲ့အခြေအနေကိုနားလည်ပေမယ့် ဒီအတိုင်းလက်လျော့လိုက်စမ်းပါ....တိုင်းပြည်အခြေအနေကိုက ကောင်းတာမှမဟုတ်တာ မင်းလုပ်ချင်တာကို ခဏထားပြီး ဒီအတိုင်းအချိန်ဆွဲထားပါဦး"
အချိန်ဆွဲထားပါဦးတဲ့။ ဟျောင်းက ဒီထက်ပိုတောင့်ခံနိုင်ဦးပါ့မလား။ ကျွန်တော်က ကတိတွေပေးထားခဲ့တယ်လေ ဟျောင်းကိုမရရအောင်ကယ်မှာပါလို့။
ဆောနူ ကွန်ပြူတာဘေးနားမှာထိုင်ရင်း အရာရာကခက်ခဲနေခဲ့သည်။ တစ်ကမ္ဘာလုံးကလေထုတွေက သူ့အပေါ်ပဲသက်ရောက်နေသလိုလို ပင်ပန်းလေးလံလှသည်။
ထိုအချိန်.....*ကလင်*
အသံနှင့်အတူ ကွန်ပြူတာရဲ့မျက်နှာပြင်လေးက လင်းလာသည်။
မက်စေ့အသစ်
စာဝင်လာတာကြောင့် ဆောနူ ငူငိုင်နေရာမှ မျက်လုံးများလက်လာကာ ကွန်ပြူတာအရှေ့ကိုအမြန်ရွေ့လိုက်မိသည်။
မက်စေ့အားကြည့်လိုက်တော့ မုတ်ဆိတ်ပြာ ဆိုသောအကောင့်ပိုင်ရှင်မှ မက်စေ့ပို့ထားခြင်းဖြစ်သည်။*မုတ်ဆိတ်ပြာ သင့်ကိုစကားပြောရန် ဖိတ်ခေါ်နေပါသည်။ လက်ခံမည်လား*
YOU ARE READING
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
Fanfiction"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."