အမှောင်အတိ ဖုန်းလွမ်းနေတဲ့မြင်ကွင်း.....
မျက်လုံးတွေကို အတင်းရုန်းကန်ကာ ဖွင့်ကြည့်ပေမယ့်လည်း ဖွင့်လို့မရ...တိတ်ဆိတ်မှုသည် ခြောက်ခြားစရာ....
ထိုနေရာ၌ သူ့၏စိတ်လှုပ်ရှား ကြောက်ရွံမှုကြောင့် ထွက်ပေါ်လာတဲ့ အသက်ရှုသံပြင်းပြင်းမှလွဲ၍ မည်သည့်အသံတစိုးတစိမျှ မကြားရအောင် တိတ်ဆိတ်လွန်းနေသည်။
ထိုစဥ် မတိုးမကျယ် အသံတစ်ခု......
"ငါ့အသံကို ကြားရလား...အဲ့ဒီနေရာကနေ ရုန်းထွက်ခဲ့တော့ မင်းနိုးထလို့ရပြီ....."
သူအလန့်တကြား မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။
ခြောက်ခြားမှုကြောင့် အသက်ရှူသံတွေ ပြင်းပြဆဲ နှလုံးခုန်သံေတွ လျင်မြန်ဆဲ....
သူအခုဘယ်မှာလဲ....?
ဖြည်းဖြည်းမှန်မှန်မောင်းနှင်နေတဲ့ မိသားစုကားလေးတစ်စီးအတွင်း.....
"အမယ်လေး...ဆောနူလေး ကြည့်ပါဦး ချွေးတွေရွဲနေတာပဲ အဆင်ပြေရဲ့လား.."
ဆောနူရဲ့ဘေးမှာထိုင်နေမိန်းမကြီးကပြောလာသည်။ ဆောနူသေချာကြည့်လိုက်ကာ....
"အမေ"
"အင်..ဟုတ်တယ် အမေလေ"
"ဟင်..ငါတို့ဆောနူလေးက အိပ်မက်ဆိုးတွေ မက်နေတာလား"
အရှေ့ခန်းမှ ကားမောင်းနေသော လူကြီးက ဝင်ပြောသည်။
"အဖေ"
ဆောနူသည် အိပ်မက်ဆိုးကနေ မရုန်းထွက်နိုင်သေးပုံ ကြောင်စီစီမျက်လုံးဝိုင်းလေးများဖြင့်သာ....
"ကလေး..နိုးလာပြီလား စိတ်လှုပ်ရှားနေတာထင်တယ် ဟျောင်းတို့ရဲ့ အိမ်အသစ်လေးကို သွားနေပြီလေ မနေ့ညကတည်းက စိတ်လှုပ်ရှားပြီး မအိပ်ထားတော့ ပင်ပန်းနေတာထင်တယ်...."
အဖေ့ရဲ့ဘေးမှာထိုင်နေသူမှ ဆောနူရှိရာ အနောက်ဘက်သို့ လှည့်ကြည့်လျက်ပြောလာသည်။ ထို့နောက်အရှေ့သို့ ပြန်လှည့်ကာ...
"သားတို့ရဲ့ မင်္ဂလာလက်ဆောင်အိမ်လေးကို ပြောင်းမယ်ဆိုတာနဲ့ သူတစ်ညလုံးမအိပ်ခဲ့ဘူးလေ အဖေ...စိတ်လှုပ်ရှားနေတာထင်တယ်"
BINABASA MO ANG
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
Fanfiction"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."