- 9 -

462 65 11
                                    

ဗလာနတ္ထိဖြစ်နေသောဦးနှောက်နှင့် နှလုံးသားတစ်စုံကို သယ်ဆောင်ကာ လေးပင်လှသော ခြေလှမ်းတွေဖြင့်....။

မိုးဖွဲဖွဲကျဆင်းနေကာ လမ်းမီးရောင်မှိန်မှိန်လေး၏အောက်တွင် စိတ်နဲ့ကိုယ်မကပ်နေသော ခန္ဓာကိုယ်လေးတစ်ခုသည် တစ်ရွေ့ရွေ့.....။

ခြေဖဝါးနုနုလေးတွင် ဒဏ်ရာများစွာဖြင့် သွေးများထွက်နေသော်လည်း ထိုကောင်လေးသည် နာကျင်မှုမရှိဟန်ပင်...။
သို့မဟုတ် ခြေဖဝါးမှ နာကျင်မှုက်ိုပင်မခံစားနိုင်လောက်အောင် တစ်စုံတစ်ခုရဲ့နာကျင်မှုက ပိုမိုကြီးမားနေ၍လည်းဖြစ်နိုင်‌ပေသည်။

*မွန်းကျပ်လွန်းတယ်....ဘာမှကို မခံစားမသိနိုင်လောက်အောင်ကို ရင်ဘက်ကြီးထဲမှာ လေးလွန်းနေတယ် *

ဖြည်းဖြည်းချင်းဖြင့် သူထွက်ပြေးလာခဲ့သော အိမ်ကြီးရဲ့အရှေ့သို့ ရောက်လာခဲ့သည်။
ဆောနူ ထိုအိမ်ကြီးအား အရှေ့မှ အချိန်တစ်ခုအကြာအထိရပ်ကြည့်နေမိသည်။
မီးများလင်းမနေပါ....။ နွေးထွေးတယ် ပျော်ရွှင်တယ်လို့
ထင်ခဲ့ဖူးသောထိုအိမ်ကြီးသည် သူမဟုတ်တော့သည့်အတိုင်းပဲ မှောင်မဲတိတ်ဆိတ်ကာ နာကျင်စရာများစွာဖြင့် အကျည်းတန်လျက်....။

ဆောနူ မျက်ဝန်းအိမ်မှ မျက်ရည်များစီးကျလာခဲ့သည်။ ထိုအိမ်ကြီးက ကြည့်နေရုံနဲ့တင် မျက်ရည်ကျနိုင်တဲ့အထိ ဝမ်းနည်းစရာကောင်းနေတယ်ထင်ပါရဲ့။

ဆောနူမျက်ရည်တွေအား သုတ်လိုက်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။

အရာအားလုံးသည် မဲမှောင်လျက်....။

"ဘယ်ရောက်ကုန်ကြတာလဲ...!! "

ဆောနူ မျက်ရည်တွေကြားမှ အော်လိုက်သည်။

"ဆောနူ...ဆောနူကို တစ်ခုခုတော့ ပြောပြသင့်တယ် မဟုတ်ဘူးလား...."

အသံသည် ရှိုက်သံတွေကြားတိုးဝင်သွားပေမယ့် တိတ်ဆိတ်ခြင်းမှာ အထင်းသားကြားနိုင်ပါသည်။

ကျဆင်းနေတဲ့ မျက်ရည်တွေကိုလည်း အတားအဆီးမရှိ ကျဆင်းခွင့်ပေးထားမိသည်။

ဆောနူ မျက်ရည်တွေကြားမှ အလင်းရောင်မှိန်မှိန်လေးကိုမြင်ရတာကြောင့် ကြည့်လိုက်သည်။ ထိုနေရာသည် အပေါ်ထပ် ဆောနူ၏ဘေးအခန်းမှ ဖြစ်သည်။

𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]Where stories live. Discover now