လွန်ခဲ့သော လအနည်းငယ်က~~~~~
"ဘာ!!!အမှုပိတ်လိုက်ပြီ ဟုတ်လား"
"ဟုတ်တယ် ဆောင်းဟွန်း အနှစ်၂၀ကြာသွားပြီလေ...တရားခံရှာမတွေ့ခဲ့ဘူး"
"ဘယ်သူ့သဘောနဲ့လဲ...ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီအမှုကိုပိတ်တာလဲ!!!!"
"ခွင့်ပြုချက်မလိုဘူး ဆောင်းဟွန်း...ဒါထုံးစံပဲ နှစ်၂၀ပြည့်လို့မှ တရားခံမရှာတွေ့ရင် အမှုကအလိုလိုပိတ်ရမှာပဲ "
"တရားတယ်လို့ထင်လား!!!တောက်စ်!!!"
ရဲစခန်းတစ်ခုအတွင်း တစ်ကိုယ်လုံးအား အနက်ရောင်တွေဆင်မြန်းထားသော ကောင်လေးတစ်ယောက်သည် အမှန်တကယ်ကို ဒေါသတွေထွက်ေနသည်။ ဖြူဖွေးနေသော အသားအရေများသည် ဒေါသကြောင့်သိသိသာသာ နီရဲလျက်....။ ဆံပင်တွေအား အထက်သို့ပင့်တင်ကာ အလိုမကျဟန်ပြနေပုံသည် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်မှန်းသိသာပါသည်။
*ဝုန်း!!"
ထိုကောင်လေးသည် ရဲစခန်းတံခါးအား ကန်ကြောက်ကာ ခပ်ချောချောမျက်နှာအား မှုန်ကုပ်လျက် ထွက်သွားသည်။
~~~~
ဆောင်ဟွန်းသည် ထိုကိစ္စအား ဘယ်လိုမှ မကျေနပ်နိုင်။ မတရားလုပ်ထားရင် အဲ့ဒီလူက သေချာပေါက် အပြစ်ပေးခံရမယ်မဟုတ်လား။ အဓိပ္ပာယ်မရှိ နှစ်၂၀ကြာလို့ အမှုပိတ်သွားတယ်တဲ့......ဖြစ်သင့်ရဲ့လား။ မိသားစု တစ်ခုလုံး အသတ်ခံခဲ့ရတာလေ။ရဲတွေလက်လျော့သွားပေမယ့် ဆောင်းဟွန်းလုံးဝလက်မလျော့နိုင်ပါ...။ ထိုလူအား မတွေ့တွေ့အောင်ရှာပြီး သေခိာပေါက် သူ့အပြစ်တွေကို ပြန်ပေးဆပ်ခိုင်းမှာ.....။
ဟန်မြစ်၏တံတားအောက်တွင် မကြည်လင်စွာထိုင်နေသောကောင်လေးသည် နာကျည်းမှုများစွာဖြင့်.....။
ဆေးလိပ်တစ်လိပ်ကိုထုတ်ကာ မီးညှိရင်း....
"ဟယ်လို....."
ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ကာ မီးခိုးငွေ့များအားမှုတ်ထုတ်လိုက်သည်။
"ဟုတ်ကဲ့ ပြောနေပါတယ်..."
"ခင်ဗျားက တရားမဝင်စုံစမ်းမှုတွေလုပ်ပေးတယ်ဆိုတဲ့ Jay လား ကျုပ်ကို လူတစ်ယောက်ရှာပေးပါ...."
आप पढ़ रहे हैं
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
फैनफिक्शन"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."