မျက်စောင်းထိုးကုတင်ဆီမှ ဆေးရုံဝတ်ရုံလေးဖြင့် လဲလျောင်းနေသူအားကြည့်ကာ ဆောင်းဟွန်းတွေးနေမိသည်။
*မင်းနဲ့ငါက စုံစည်းဖို့လောက်ထိလည်း ကံကြမ္မာကမလှပခဲ့ဘူးလေ...တစ်ယောက်ယောက်အဆုံးသတ်သွားမှ ငြိမ်းချမ်းသွားမယ့် ဆက်ဆံရေးမျိုး..ဟုတ်တယ်မဟုတ်လား။ ဒါကိုငါကအဆုံးသတ်ပေးရမှာပေါ့....ငါက အများကြီးနာကျင်ခဲ့ပြီးပြီလေ အဲ့ဒီနာကျင်မှုတွေကို မင်းကအဆုံးသတ်ပေး....။*
ဆောင်းဟွန်းတွေးနေတုန်းပင် ကုတင်ပေါ်မှ ခန္ဓာကိုယ်ငယ်လေးက လှုပ်ရှားလာကာ မျက်အိမ်များ ဖြည်းဖြည်းစီပွင့်လာခဲ့သည်။ ဆောင်းဟွန်းနှင့်မျက်လုံးချင်းစုံလာတာကြောင့် ဆောင်းဟွန်းပြုံးလိုက်မိသည်။
"လူတွေက လွယ်လွယ်မသေကြဘူးနော်..."
ပြောရင်း သူ့ဆီချဉ်းကပ်သွားတော့ မလှုပ်မယှက်ပဲ ဆောင်းဟွန်းအားကြည့်နေသည်။
"မင်းကိုအဆုံးသတ်ပေးမယ်"
ပြင်ဆင်လာခဲ့တဲ့ဆေးရည်အား ထိုလူ့ထံ ဆက်နွယ်ထားသော ပိုက်များမှတဆင့် ထိုးသွင်းပေးရန်ကြံရွယ်တုန်း.....
"တရားလိုမိသားစုကဘယ်မှာလဲ..."
သူမေးလာတဲ့ စကားကြောင့် မှတ်ဉာဏ်တွေပြန်ရလာမှန်း သိခဲ့တယ်။ ဘာလို့မေးတာလဲဆိုတော့ တောင်းပန်ဖို့တဲ့လေ......။
အရင်အချိန်တွေမှာဆိုရင်တော့ ဆောနူအားသတ်ပစ်လိုက်ဖို့နည်းနည်းလေးမှ ဝန်လေးနေမှာမဟုတ်ပေမယ့် မည်သည့်အရာကြောင့်မှန်းမသိ နှလုံးသားက လေးလံနေခဲ့သည်။
ယုံကြည်ချင်ခဲ့တာ .....။ မင်းသတ်ခဲ့တာလို့ပဲ တထစ်ချငါအယုံသွင်းထားခဲ့တာဆောနူ...မင်းသတ်ခဲ့တယ်ဆိုတာကလည်း အမှန်တရား။ ငါဆုံးဖြတ်ခဲ့တာက ထိုလူကိုတွေ့တွေ့ချင်း သတ်ပစ်လိုက်ဖို့ပဲ။ ဒါပေမယ့် မင်းအခုချိန်ထိ အသက်ရှင်နေသေးတာပဲ....။ ငါမလုပ်နိုင်ခဲ့ဘူးထင်တယ်။
ရှာဖွေခဲ့တယ်။ မင်း ဟုတ်ချင်မှဟုတ်လိမ့်မယ်ဆိုပြီး မျှော်လင့်ချက်သေးသေးလေးနဲ့ ထိုအမှုအကြောင်း အစအဆုံး ငါမြေလှန်ရှာခဲ့တယ်။ ဘယ်အကြောင်းပြချက်ကြောင့် မင်းကိုကာကွယ်ပေးချင်ခဲ့တာလဲတော့ ငါကိုယ်တိုင်လည်း မသိတာမလို့ အဖြေလည်းမရှာကြည့်ချင်တာမလို့ အဲ့ဒီမေးခွန်းကိုတော့ မေးခွင့်မရှိဘူး။
YOU ARE READING
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
Fanfiction"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."