Final part
အခန်းကျဉ်းလေးရဲ့ထောင့်တစ်နေရာမှာ ဒူးခေါင်းတို့ကျုံးကာထိုင်သော ခန္ဓာကိုယ်လေးသည် တုန်ယင်လျက်။ လက်သည်းတို့ကိုလည်း အကြောင်းမဲ့ကိုက်ဖြတ်ရင်း အရှေ့တည့်တည့်စားပွဲခုံလေးပေါ်မှ ထောင်ထားသော မိသားစုဓာတ်ပုံလေးကို မလှုပ်မယှက်ကြည့်နေမိသည်။
ပြုံးရယ်နေသည်။ မေမေ၊ဖေဖေ၊ဟျောင်း ပြီးတော့ သူကိုယ်တိုင်ပါ ပြုံးရယ်နေခဲ့သည် မည်သည့်အပူအပင်မျှမရှိသလို....။
.............
2017•••••
အဖြူရောင်အခန်းလေးထဲ တစ်စက်ဆီကျနေသောဆေးစက်တို့သည် ကုတင်ပေါ်၌လဲလျောင်းနေသော ဖြူလွလွကောင်လေး၏ခန္ဓာကိုယ်နှင့်ဆက်သွယ်ထားသော ပိုက်များအတွင်းစီးဆင်းလျက်။
ထိုကောင်လေးသည် ပုံမှန်ထက်နှေးသောအသံရှူသံတို့ဖြင့်။ အောက်ဆီဂျင်ပိုက်အကူအညီဖြင့် အသက်ရှူနေရသည်။
*ဒေါက် ဒေါက် ဒေါက်*
တိတ်ဆိတ်နေသော အခန်းလေးထဲ ဖိနပ်နှင့်ကြမ်းပြင်ကိုထိရိုက်စေပြီး ဆော့ကစားနေသောအသံသည်လည်း ကောင်လေး၏အသက်ရှူသံအတိုင်း တစ်ချက်ချင်းစီပုံမှန်ထွက်ပေါ်လျက်...။
ဆောနူသတိပြန်လည်စအချိန်ကြားရတဲ့အသံမလို့ အသံလာရာဆီဖြည်းဖြည်းချင်းစောင်းငဲ့ကြည့်မိသည်။
ဆောနူကုတင်နှင့် မျက်စောင်းထိုးကုတင်ပေါ်တွင် ထိုင်ကာခြေထောက်တို့ကို ဆော့ကစားနေသူ လူငယ်လေးသည်လည်း ဆောနူအားစိုက်ကြည့်နေခဲ့သည်။
မျက်လုံးချင်းဆုံသည်နှင့်...."လူတွေက လွယ်လွယ်နဲ့ မသေကြဘူးနော်..."
လူငယ်လေးသည်လည်း ထိခိုက်ဒဏ်ရာများဖြင့်။
ဆေးကုသမှုခံယူထားပေါ်ပုံပြီး မျက်ခုံးအပေါ်ဘက်တွင် ပတ်တီးအဖြူလေးအားစည်းနှောင်ထားသည်။ထိုလူငယ်ေလးသည်ကုတင်ပေါ်ထိုင်နေရာမှ ထလာကာ ဆောနူဆီသို့ လျှောက်လာသည်။ လက်ထဲတွင်လဲသေတ္တာငယ်တစ်ခုအားကိုင်ဆောင်လာလျှက်...
YOU ARE READING
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
Fanfiction"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."