ဆောနူရဲ့ ဦးနှောက်ထဲလက်ရှိ ရှိနေတဲ့အတွေးတွေက ဒီဘာမှန်းမသိတဲ့ အသိုက်အဝန်းထဲကလွတ်မြောက်ဖို့..........။
ဆောနူကုတင်ပေါ်မှာပဲ စိုရွဲနေဆဲ့အဝတ်အစားတွေဖြင့်ထိုင်နေလို့မဖြစ်တော့။
*ငါဘာလုပ်သင့်လဲ ထွက်ပြေးရမှာလား*
ဆောနူဘာမှမစဉ်းစားနိုင်တော့အောင်ပင် ထူပူလွန်းစွာ ပြတင်းပေါက်မှ ခုန်ချရန်ပြင်လိုက်သည်။
ဒီနေ့မှ အလင်းရောင်မရှိ မှောင်မဲနေတဲ့အိမ်ထဲက ထမင်းဝိုင်းတွင်ထိုင်ကာ ဆေးလိပ်မီးညှိနေသူ အမျိုးသမီးကတော့ အေးဆေးစွာပင်.....။
"သူသိသွားပြီ ချက်ချင်းလာခဲ့ကြတော့ ဘာတွေလုပ်လို့ကြာနေကြတာလဲ"
ထိုအမျိုးသမီးသည် ဆေးလိပ်ကိုတစ်ချက် မှုတ်ထုတ်လိုက်ကာ ဖုန်းပြောနေသည်။
မိုးသံတွေဆူညံနေပေမယ့် ကြားလိုက်ရတဲ့ အော်သံတစ်ခုကြောင့် သူ(မ)နှုတ်ခမ်းတွေက ရက်စက်မှုနှင့်မလိုက်ဖက်စွာ ဖြည်းဖြည်းချင်း တွန့်ကွေးလာသည်။ ထို့နောက် သူ(မ)နှုတ်ခမ်းမှ တိုးညှင်းစွာထွက်လာသည်က........
"အလုပ်ရှုပ်ခံပြီး ဘာတွေကြိုးစားနေတာလဲမသိဘူး လွတ်နိုင်မှာလဲမဟုတ်ပဲနဲ့ ဟက်...."
.........................
ဆောနူသည် အိပ်ခန်းပြတင်းပေါက်မှ ခုန်ဆင်းခဲ့သည်။
ဆောနူသည် အိမ်အောက်ဘက်ဆီမှ ရုတ်ပျက်ဆင်းပျက်ပင် ပြုတ်ကျခဲ့သည်။
*အားးးးး*
အရှိန်နဲ့ကျတာမလို့ နာသွားကာ အသံထွက်အောင် အော်လိုက်မိသည်။
အသံကြားသွားမည်စိုး၍ လက်နှုတ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ကာ မြေပြင်ပေါ်မှ ကုန်းထလိုက်သည်။ထို့နောက် ခြံတံခါးဆီကို အမြန်ပြေးကာ ထွက်လိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်သည်။
ခြံတံတိုင်းကို ကျောပြီးရင်း ဆောနူ ခဏအမောဖြေနေရသည်။
*လွတ်ပြီ ငါလွတ်ခဲ့ပါပြီ*
မိုးရေတွေထဲမှာ မပေါ်မလွင်ကျဆင်းခဲ့တဲ့ မျက်ရည်များသည်များစွာ။ ဖိနပ်မပါပဲပြေးလာခဲ့တာကြောင့်ကော ပြတင်းပေါက်ပေါ်ကခုန်ချခဲ့တာကြောင့်ကော ခြေဖဝါးနုနုလေးတွေသည် သွေးပင်စို့လျက်။
YOU ARE READING
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
Fanfiction"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."