- 3 -

580 87 2
                                    

ကားလေးသည် တစ်ရွေ့ရွေ့.........

များစွာသော သစ်ပင်လေးတွေကို ကျော်ဖြတ်ရင်း....သစ်ပင်လေးတွေသည် ဝေးကွာစွာ ကျန်ရစ်လျက်.....။

ဝိုးတစ်ဝါး မြင်နေရတဲ့ အလင်းရောင်တစ်ချို့...

သွေးတွေ.....သွေးတွေနဲ့လူတွေ အော်ဟစ်သံတွေ ပြီးတော့ သီချင်းသံထွက်ပေါ်နေတဲ့ ရေဒီယိုတစ်လုံး....
တစ်စုံတစ်ယောက်က အလွန်ဒေါသထွက်နေကာ သွေးများစွာဖြင့်လူအား ရေထဲသို့နှစ်နေသည်...။ ထိုလူသည်ရုန်းကန်လျက်။

"မဟုတ်ဘူး မဟုတ်ဘူး.....ဒါ အိပ်မက်တွေပဲ"

"သေလိုက်...!!"

ထိုလူမှ ဒေါသကြီးစွာ အော်လိုက်ပြန်သည်။

ကုတင်ဖြူလေးပေါ်က ဆေးပိုက်များစွာဖြင့် ကောင်လေးကတော့ မောပန်းစွာ အသက်ရှူသံတွေမြန်လျက်။ အားနည်းနေသောကောင်လေးသည် အိပ်မက်ဆိုးတွေရဲ့ နှိပ်စက်ခြင်းကို ခံနေရပြန်သည်။

"ဆောနူလေး"

ဆောနူမျက်လုံးတွေ ဆက်ခနဲ ပွင့်လာသည်။

"အမေ"

"အင်....အမေလေ"

အမေကစိုးရိမ်စွာ ဆောနူရဲ့လက်ကလေးတွေကို ခပ်ဖွဖွဆုပ်ကိုင်ထားသည်။ အဖေက ကုတင်ရဲ့အစွန်းမှာ ရပ်နေလျက်။

ဆောနူ ဘာတွေမှန်းမသိမြင်ခဲ့ရသော အိပ်မက်ဆိုးတွေကြောင့် အမောမပြေသေး...။
အခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။
သို့သော်ရှာနေသူကို မတွေ့ရ..။

"ဟျောင်း....ဟျောင်းကော"

ဆောနူရဲ့စကားအဆုံး အဖေကသက်ပြင်းတစ်ချက်ချကာ

"ဟင်အင်း ပြန်မလာသေးဘူး..ဘာသတင်းမှလည်းမရသေးဘူး ရဲတွေကို အကြောင်းကြားထားတာမလို့ အကြောင်းထူးရင် ဆက်သွယ်လာမှာပါ"

......................................
အိမ်ရဲ့ ဧည့်ခန်းအတွင်း ဆောနူတို့ မိသားစုနှင့်အတူ စုံထောက်နှစ်ယောက် ထိုင်နေကြသည်။

"ခေါ်သွားတာ ယောကျာ်း​​လေးယောက်လို့ပြောတယ်နော်...မျက်နှာကို ရှင်းရှင်းလင်းလင်း မှဆ်မိတဲ့သူရှိလား"

စုံစမ်းရေးထဲမှ တစ်ယောက်ကမေးလာသည်။

"ဟင်အင်း.... ဖြစ်သွားတာက ညကြီးလေအရမ်းမှောင်မဲနေတယ် ပြီးတော့မိုးတွေလည်းအရမ်းရွာနေတာမလို့ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး သူတို့အကုန်လုံးက အနက်ရောင်တွေပဲဝတ်ထားတာ"

𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]Onde histórias criam vida. Descubra agora