ဧည့်ခန်းထဲက စားပွဲဝိုင်းလေးတွင်ထိုင်နေသော လူနှစ်သည်ငြိမ်သက်လျက်.....။ အပ်ကျသံပင်မကြားရ။
ရေခွက်ကိုဆုပ်ကိုင်ထားသော ဆောနူအမေရဲ့လက်တွေသည် တင်းကျပ်နေစွာပင် ......။ ရေခွက်ထဲမှလှုပ်ခတ်နေသောရေတွေသည် သူ(မ)၏စိတ်မည်မျှလှုပ်ရှားကာ တုန်ယင်နေကြောင်းကို ဖော်ပြနေသလိုပဲ......။
"သားလေး.....ဒါ ဒါတွေကတကယ်အမှန်ပဲလား....ဟင်"
တုန်ယင်စွာပင် သူ(မ)ဆီမှ ထွက်ပေါ်လာသောစကားသံ။
"ဟုတ်တယ်....မေမေ ဆောနူလည်းဘယ်လိုမှ မယုံနိုင်ဘူး ဆောနူရဲ့ဟျောင်းက အဲ့လိုမဟုတ်ဘူးဆိုတာ ဆောနူသိတယ် အခုရှိနေတဲ့လူ ဟျောင်းကိုဖွက်ထားပြီး ဟျောင်းဟန်ဆောင်နေတာ..."
"ဒါတွေသာအမှန်ဆိုရင် အမေတို့ရဲ့....ဆောင်းဟွန်းလေး ဘယ်မှာရှိနေမှာလဲ"
"ဆောနူရအောင်ရှာမှာပါ......ဒီညသူထပ်သွားရင် ဆောနူနောက်ကလိုက်သွားမယ် မေမေက ဖေဖေ့ကိုပြောပြထားပြီး ဆောနူဆီကဆက်သွယ်တာနဲ့ ရဲကိုအကြောင်းကြားပါ"
"အန္တရာယ်များလွန်းတယ် သား...တစ်ယောက်ထဲမဖြစ်ဘူး တစ်ခါထဲရဲတွေကိုအကြောင်းကြားပြီးဖမ်းရမှာပေါ့"
"မရဘူးမေမေ...ဟျောင်းကိုထိခိုက်သွားနိုင်တယ် ဆောနူစီစဉ်မှာမလို့ မေမေတို့ကကူညီပေးပါ"
မေမေသည် ခေါင်းတွေသာတစက်စက်ငြိမ့်နေသည်။
ဆောနူလည်းပြင်ဆင်သင့်တာပြင်ဆင်ရအောင် ထိုင်ခုံမှထလိုက်သည်။
"သား!!! ဆောနူလေး..."
ဆောနူအနောက်ကိုပြန်လှည့်လိုက်သည်။ သူ(မ)အလွန်စိတ်လှုပ်ရှားပြီးစိုးရိမ်နေမှာသိပါသည်။
"ဟို......ဟိုလေ မေမေကမမေးသင့်ဘူးဆိုတာသိပေမယ့်လေ...."
မေမေသည် တစ်ခုခုကိုပြောချင်ပေမယ့်ပြောမထွက်နေသည့်ပုံစံကြောင့်...
"ဘာမေးမလို့လဲမေမေ မေးလို့ရပါတယ်"
"ဟိုလေ....အခုဟာတွေက သား.....အိပ်မက်မက်နေတာတွေမဟုတ်ပါဘူးနော်"
ဆောနူမျက်မှောင်တွေစုကျုံသွားရသည်။ ဘာသဘောကြီးလည်း မေမေကသူ့ကိုမယုံတာလား အရူးဇာတ်သွင်းချင်တာလား...။
BẠN ĐANG ĐỌC
𝐏𝐢𝐥𝐥𝐨𝐰 𝐚𝐧𝐝 𝐃𝐫𝐞𝐚𝐦𝐬 [SUNSUN]
Fanfiction"တွေ့ဆုံခြင်းဆိုတာ ဘာလဲ ဟျောင်း.." "ကိုယ်ကတော့ ခွဲခွာခြင်းရဲ့လမ်းစလို့သတ်မှတ်တယ် ကလေးငယ်.."