Unicode
" ကားက ဆိုင်ကယ်ကို တည့်တည့်ဝင်တိုက်တာတဲ့ "
" ဆိုင်ကယ်စီးလာတဲ့ ကောင်လေးက ငယ်ငယ်လေးရှိသေးတာဟယ် ၊ မရှိလို့ လုပ်စားပါတယ်ဆိုမှ...အခုတော့ သေမလား...ရှင်မလား မသိဘူး "
" ကြည့်ရတာ ပစ္စည်းပို့ရင်း ဖြစ်တဲ့ပုံပဲ ၊ ကြည့်ပါလား... အစားအသောက်တွေ အကုန်လုံး ပြန့်ကျဲနေတာ "
" ဆေးရုံကားကို ခေါ်ကြပါဟ... ဒီအတိုင်း ကြာသွားရင် အသက်မီဖို့ မလွယ်ဘူး ၊ သွေး တော်တော်ထွက်နေတာ "
စုပြုံနေသည့် လူစု ၊ ဆူညံပွက်လောရိုက်နေသည့် စကားသံများ ။ ဆိုင်နား မရောက်ခင် နေရာလေး၌ ကားတိုက်မှုဖြစ်သွားသည့်ပုံပင် ။ ယခင်အချိန်ဆိုလျှင် ဘာသိဘာသာကျော်ဖြတ်သွားမည် ဖြစ်သော်လည်း ယခုကတော့ ထိုသို့ မလုပ်နိုင်ပေ ။
ဆိုင်ကယ်နှင့်ကား တိုက်မှု ဖြစ်သွားသည်ဆိုသော စကားက ထင့်ကို ထိုနေရာဆီသို့ သွားရောက်ရန် လှုံ့ဆော်လေ၏ ။ ကားတံခါးကိုဖွင့်တော့ တစ်ခုခု တားဆီးထားသည့်ပုံမျိုးဖြင့် ချက်ချင်းဖွင့်၍ မရပေ ။ ထင့်လက်က အားမရှိသည့် ပုံမျိုးဖြစ်နေပြီး တဖြည်းဖြည်း တုန်ယင်လာသည်ကို ခံစားနေရ၏ ။
ထင် ကားမှန်ရှေ့ရှိ လူအုပ်စုကြီးကို တစ်ချက်ကြည့်လိုက်ပြီး အသက်ကို ပြင်းထန်စွာ ရှုရှိုက်လိုက်သည် ။ စိတ်အားတင်း၍ နောက်ထပ်တစ်ကြိမ် ကြိုးစားလိုက်သည့်အခါ ချောက်ခနဲ ပွင့်သွားသည့် ကားတံခါး ။ မြန်မြန်လျှောက်သွားချင်သော်လည်း ခြေထောက်က ထင့်နောက်သို့ လွယ်ကူစွာ ပါမလာသည့်အတွက် နှေးကွေးစွာဖြင့် တစ်လှမ်းချင်း လှမ်းနေရသည် ။
အနားနီးလာသည်နှင့်အမျှ သွေးညှီနံ့ကို ခံစားမိသကဲ့သို့ အနီရောင်ရဲရဲ သွေးများကလည်း ကားလမ်းမပေါ်၌ ထင်ထင်ရှားရှား ။ ရင်ထဲ၌ လှိုင်းများပုတ်ခတ်လိုက်သကဲ့သို့ တဝုန်းဝုန်းဖြင့် မြည်ဟီးသွား၏ ။ မျက်လုံးများကလည်း ပြာသွားပြီး ရှေ့မှ မြင်ကွင်းကို ကာဆီးလိုက်သည် ။
မဟုတ်ပါစေနဲ့...မဟုတ်ပါစေနဲ့ ။ အရှင်ဘုရား တပည့်တော်ရဲ့ သက်ကောင်းလူ မဖြစ်ပါစေနဲ့ ။
YOU ARE READING
My Green Forest ( Complete)
Romanceကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...