Unicode
ထင့်နဖူးအပေါ် လက်ကိုတင်၍ အပူငွေ့ရှိ ၊ မရှိစမ်းကြည့်လိုက်တော့ ခပ်အေးအေးအထိအတွေ့က သူ့ကိုကြိုဆို၏ ။ ထိုအခါမှ သူလည်း ရဲရဲတင်းတင်း သက်ပြင်းချနိုင်သည် ။
တော်ပါသေးရဲ့ ။ ဖျားမနေလို့တော်ပါသေးရဲ့ ။ ထင် ညဘက်ကြီးဖျားနေရင် သူတစ်ယောက်တည်းဆိုတော့ ဘာလုပ်ပေးရမှန်းမသိဘူးလေ ။
အချိန်ကြာလာသည်နှင့်အမျှ အဲကွန်းမှထွက်လာသောအအေးဓာတ်မှာ ပိုအေးလာသကဲ့သို့ပင် ။ ဝတ်ထားသည့်အင်္ကျီကလည်းလက်တိုဖြစ်နေသဖြင့် လက်မောင်းနှင့်လက်ဖျံတစ်လျှောက်သည် ရေခဲရိုက်ထားသကဲ့သို့အေးစက်လာသောအခါ အလိုလိုနေရင်း အဲကွန်းတပ်ထားသည့်နေရာကိုလှမ်းကြည့်မိ၏ ။ အအေးကြိုက်သည့်ထင်က အဲကွန်းကိုအမြင့်ဆုံးထား၍ဖွင့်ထားသောကြောင့် အအေးမကြိုက်သည့်သူ့မှာ နေ၍ပင်မရတော့ ။ ထင့်ကိုကြည့်လိုက် ၊ အဲကွန်းကိုကြည့်လိုက်ဖြင့် တစ်ယောက်တည်းအတွေးများနေပြီးမှ
" ခဏပိတ်ထားလိုက်အုံးမယ် "
ဟု ရေရွတ်မိရင်း ခြေလှမ်းများကိုပါ အဲကွန်းရီမုထားသည့်နေရာကိုရွေ့မိ၏ ။
ထင်ကတော့ အပူအပင်ကင်းစွာအိပ်မောကျနေဆဲ ။ ညဘက်ဆေးသောက်ရန်အတွက် နှိုးမိတော့လည်း ထင်က သတိလစ်နေသူလိုမျိုး တုံ့ပြန်မှုမရှိပေ ။ သူ အိမ်သို့ မပြန်မိသည်မှာ မှန်သွား၏ ။
ခဏကြာတော့ ထင့်နဖူးစပ်နှင့် နှာတံဘေးဘက်တစ်ဝိုက်တွင်ချွေးများစို့လာ၏ ။ ထင်က တကယ်ကို အပူဒဏ်မခံနိုင်သူဖြစ်ပြီး သူကတော့ အအေးဒဏ်မခံနိုင်သူ ။ ထင်နှင့်သူက အရာရာတွင် ဆန့်ကျင်ဘက် ။
ပိတ်ထားသောအဲကွန်းကိုပြန်ဖွင့်လိုက်ရင်း စားပွဲခုံထက်တင်ထားသည့်တစ်ရှူးဘူးထဲမှ တစ်ရှူးတစ်ရွက်ကိုယူကာ ထင့်မျက်နှာအပေါ်ရှိချွေးများကို ညင်သာစွာသုတ်ပေးလိုက်သည် ။ နိုးသွားမည်ကိုလည်းစိတ်ပူသောကြောင့် သူ့မှာ မဝံ့မရဲ ။ နှာခေါင်းပတ်လည်ရှိချွေးများကိုသုတ်ပေးနေရင်း မှဲ့နက်ထင်းထင်းလေးကြောင့် ခန္ဓာကိုယ်ထဲတွင် ယားကျိကျိဖြစ်လာရသည် ။ ချွေးသုတ်လက်စတစ်ရှူးကို ဘယ်ဘက်လက်ဖြင့်ပြောင်းကိုင်လိုက်ကာ ညာဘက်လက်ညှိုးထိပ်လေးဖြင့် နှာတံမြင့်မြင့်ထက်တွင်နေရာယူထားသည့်မှဲ့နက်လေးကို ထိကြည့်မိတော့ ရင်ထဲတွင် လှိုင်းသေးသေးလေးများဖြစ်ထွန်းလာရပါသည် ။
![](https://img.wattpad.com/cover/311808485-288-k171455.jpg)
KAMU SEDANG MEMBACA
My Green Forest ( Complete)
Romansaကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...