Unicode
" မား "
ခပ်တိုးတ်ိုးခေါ်သံလေးက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည် ။ ဘေးဘက်တွင် အိပ်ပျော်နေသည့် ခင်ပွန်းသည် နိုးသွားမည်စိုး၍ ဖြည်းဖြည်းချင်း အိပ်ရာပေါ်မှထကာ လက်ထဲရှိ ဖုန်းကိုလည်း တစ်ခါတည်းပိတ်လိုက်ပြီးမှ အခန်းတံခါးကို သွားဖွင့်တော့ မရွှင်ပျသော မျက်နှာထားဖြင့် ရပ်နေသည့် သက်ကောင်းလူက ဒေါ်သက်ထားဆွေကို နွမ်းလျစွာ ကြည့်နေ၏ ။
" ဘာလဲ ပေါင်ပေ့ "
သက်ကောင်းလူ မားကို ကျော်၍ ကုတင်ပေါ်၌ တုံးလုံးပက်လက်အိပ်ပျော်နေသည့် ပါးကို လှမ်းကြည့်လိုက်၏ ။ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ရသူပီပီ ပါးက သူနှင့်မားထက်စာလျှင် စောစောအိပ်တတ်သည် ။
" ကျွန်တော် မားကို ပြောစရာရှိလို့ "
" အင်း...ပြောလေ ပေါင်ပေ့ "
သက်ကောင်းလူ ခေါင်းကိုခါကာ နှစ်ကိုယ်ကြားအသံဖြင့်
" အောက်မှာ သွားပြောကြမယ်နော်... မား "
ဟုဆို၍ အောက်ထပ်ကို ဆင်းသွားသည်မှာ မြန်မြန်ဆန်ဆန် ။ ပေါင်ပေ့၏ နောက်ကျောပြင်ကိုကြည့်၍ စိုးရိမ်စိတ်များက ဒီရေအလား တရိပ်ရိပ်တက်လာခဲ့၏ ။ ညနေကလည်း ကြောင်စာသွားဝယ်မည်ဆိုကာ အပြင်သို့ ထွက်သွားပြီး ပြန်လာသည့်အချိန်ကျတော့ မှိုင်တွေငေးမောလျက် ။ အသိစိတ်လွတ်နေသည့် လူကဲ့သို့ ကြည့်ရသည်မှာ မလန်းမဆန်း ။
ဒေါ်သက်ထားဆွေ အခန်းတံခါးကို အသံမမြည်အောင် ဆွဲပိတ်လိုက်ကာ အတွေးပေါင်းစုံဖြင့် အောပ်ထပ်သို့ ရောက်သည့်အချိန် ပေါင်ပေ့က ငူငူငိုင်ငိုင် ပုံစံလေးဖြင့် ထိုင်နေလေသည် ။ ပေါင်ပေ့၏ ဘေးဘက်ရှိ ခုံ၌ ထိုင်ချလိုက်ကာ စားပွဲပေါ်ရှိ ပေါင်ပေ့၏လက်လေးကို ညင်သာစွာဖြင့် ပွတ်သပ်လိုက်တော့ ဖျတ်ခနဲ ရောက်ရှိလာသည့် အကြည့်လေး ။
" ပြောလေ ပေါင်ပေ့ ၊ ဘာပြောဖို့လဲ ၊ ပေါင်ပေ့မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲ ၊ ဘာပဲဖြစ်ဖြစ် မားကို လွတ်လွတ်လပ်လပ်ပြောနော် ၊ ပေါင်ပေ့မှာ ပြောစရာ...ရင်ဖွင့်စရာ မားပဲ ရှိတာလေ "
![](https://img.wattpad.com/cover/311808485-288-k171455.jpg)
YOU ARE READING
My Green Forest ( Complete)
Romanceကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...