Episode (46)

2.2K 206 74
                                    

Unicode

သူ့လက်မောင်းကိုခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ကလေးလေးဆီမှ ထွက်လာသော အသက်ရှူသံများမှာ စည်းချက်မှန်မှန် ။ ခပ်သေးသေးဦးခေါင်းလေးဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လက်မောင်းတစ်လျှောက်ထုံကျဉ်လာငြား ထိုခေါင်းလေးကိုဖယ်ပစ်ရန်ကျတော့ မဖယ်ရက်ပြန် ။ ခန္ဓာကိုယ်လေးမှာ တစ်ချက်လူးလွန့်လာပြီး ညည်းညူသံလေးကိုပါ တစ်ခါတည်းကြားလိုက်ရသောအခါ ဆံပင်လေးကိုဖွဖွသပ်ပေးမိ၏ ။ ထူးဆန်းသောအထိအတွေ့ကြောင့် လှုပ်ရှားနေသောလက်မှာတိခနဲရပ်သွားပြီး မှိတ်ထားသည့်မျက်လုံးအစုံမှာလည်း ဖျတ်ခနဲပွင့်လာရသည် ။

ဒီဆံပင်က ဉာဏ့်ဆံပင်မှ မဟုတ်တာ ။ ဉာဏ့်ဆံပင်ကဖြောင့်စင်းပြီးတော့ တိုတိုလေးတွေ ။ အခုဆံပင်က နည်းနည်းကောက်ပြီးရှည်တဲ့ပုံစံမျိုး ။ သူ့လက်မောင်းအပေါ်မှာ အိပ်ပျော်နေတဲ့ကလေးလေးက ဉာဏ်မဟုတ်ဘူးလား ။ ဉာဏ်မဟုတ်ရင် ဘယ်သူက သူ့လက်မောင်းအပေါ်ကို ပိုင်စိုးပိုင်နင်းလာအိပ်ရတာလဲ ။

အလွန်အမင်းရေဆာလာသကဲ့သို့ ခံစားရပြီး လည်ပင်းထဲတွင်လည်း ခြောက်သွေ့လာကာ ခန္ဓာကိုယ်အနှံ့လွှမ်းခြုံသွားသည့် စိတ်မလုံခြုံမှုများ ။ ယခုထိ သူ့လက်မောင်းထက်၌ အိပ်ပျော်နေသူကို မကြည့်ရဲသေးပေ ။ မျက်နှာကြက်ကိုသာ ပြူးကြောင်ကြောင်ငေးကြည့်မိနေချိန် နားထဲကို တိုးဝင်လာသည့်ခေါ်သံတိုးတိုးလေး ။

" ဖေဖေ "

သည်အသံက သူနှင့် လုံးဝမရင်းနှီးဘဲစိမ်းသက်နေသော်လည်း ရင်ဘတ်ထဲတွင်တော့ ကဆုန်ပေါက်လှုပ်ရှားသွားရသည် ။

" ဖေဖေ "

ဒုတိယအကြိမ်ထပ်ထွက်လာသည့် အသံလေးကြောင့် အသက်ပြင်းပြင်းရှူ၍ ဘေးဘက်ကိုခေါင်းစောင်းကြည့်မိတော့ သူ့ကိုစိုက်ကြည့်နေသည့် မျက်လုံးလေးတစ်စုံထဲတွင် မျက်ရည်စများရစ်ဖွဲ့လျက် ။ ထိုမျက်ရည်များမှာ မျက်လုံးထောင့်မှစီးကျလာပြီး သူ့ပခုံးထက်သို့ ကျဆင်းလာသောအခါ ပူလောင်သွားသည်မှာ သိသိသာသာ ။ တဖြည်းဖြည်းနှင့် မျက်ရည်များပိုကျလာကာ သူ့ပခုံးအပေါ်၌လည်း ပို၍ပို၍ပူလောင်လာပြီး အသက်ရှူမရတော့ ။ သူ ခေါင်းကို ဘယ်ပြန်ညာပြန်ယမ်းခါ၍

My Green Forest ( Complete) Where stories live. Discover now