Unicode
အချိန်တန်လျှင်ထမင်းစားသကဲ့သို့ ၊ အိပ်ချိန်ရောက်လျှင် အိပ်ရာဝင်သကဲ့သို့ ယခုလည်း ထင့်ခြေလှမ်းများက တစ်ယောက်သောသူကို တွေ့ရန်အတွက် အောက်ထပ်ဆီသို့ သွက်လက်စွာ ဦးတည်နေသည် ။ လက်မှနာရီကိုမြှောက်ကြည့်မိတော့ နေ့လယ်တစ်ဆယ့်နှစ်နာရီထိုးရန် ငါးမိနစ်အလို ။
အချို့ဝန်ထမ်းများက ထင့်ကို မြင်လိုက်သည်နှင့် ပြုံးစစဖြစ်သွားကြပြီး အချို့ကလည်း မျက်နှာများကို တစ်ဖက်သို့လှည့်၍ ပြုံးနေကြ၏ ။ထင့်ပုံစံက ဘာများ ထူးထူးဆန်းဆန်းဖြစ်နေလို့ သူတို့တွေက အခုလိုမျိုး ဖြစ်နေရပါလိမ့် ။ ဒီဆိုင်က ထင့်ဆိုင်လေ ။ ထင် အပေါ်ထပ်ကိုတက်တက် ၊ အောက်ထပ်ကိုဆင်းဆင်း ထင်ရဲ့စိတ်နဲ့ ထင်ရဲ့ကိုယ်ပါ ။
ထင် မျက်လုံးဝေ့ကြည့်လိုက်တော့ ချက်ချင်းလက်ငင်း မျက်နှာများငယ်သွားကြသည်မှာ သိသိသာသာ ။ ခုနက ပြုံးစစဖြစ်နေကြသည်က သူတို့မဟုတ်သည့်ပုံစံမျိုး ။
ဆိုင်တာဝန်ခံနှင့်အတူတူ ပစ္စည်းများ စစ်နေသည့် စည်သူက ထင့်ကို တွေ့သွားသည်နှင့် သွားများပေါ်အောင်ပင် လှမ်းရယ်ပြ၏ ။ ထင် စည်သူ့ကို လက်ယပ်ခေါ်လိုက်တော့ ခေါင်းညိတ်ပြပြီး ခပ်မြန်မြန်လမ်းလျှောက်လာလေသည် ။
" ကိုထင်...ဘာလို...သြော်..."
သူ့ဘာသာမေး ၊ သူ့ဘာသာ သဘောပေါက်သွားပုံရသည့် စည်သူပိုင် ။
" အင်း...အဲဒါပဲ ၊ ဒီနေ့လဲ ကိုယ် ဖုန်းဆက်မှ ပိုက်ဆံလာပေး..."
" ဟုတ်ကဲ့ပါ ကိုထင် ၊ တစ်ခုခုလိုအပ်ရင်လဲ ဖုန်းဆက်ပါ "
" ဟုတ်ပြီလေ...လိုရင် ကိုယ် ဆက်လိုက်မယ် ၊ ဆိုင်အတွက် မှာထားတဲ့ ပစ္စည်းတွေက မနက်ဖြန်မှရောက်မှာမို့လား "
" ဟုတ်တယ် ကိုထင် ၊ မနက်ဖြန် ...ညနေဘက်လောက် ရောက်မယ် "
စည်သူနှင့်စကားပြောနေချိန် အမြင်အာရုံထဲဝင်လာသည့် ပုံရိပ်လေးကြောင့် ထင့်မျက်လုံးအိမ်အတွင်းရှိ မျက်ဆန်လေးများက ဖျတ်ခနဲ အရောင်လက်သွား၏ ။
စည်သူ့ပခုံးကို ပုတ်လိုက်ပြီး
" နောက်ပြီးမှ ဆက်ပြောကြရအောင် "

STAI LEGGENDO
My Green Forest ( Complete)
Storie d'amoreကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...