Episode (20)

3.2K 340 34
                                    

Unicode

ကြီးကြီး ဆေးရုံစတက်သည့်နေ့မှစ၍ သူတို့မိသားစုက တိတ်တိတ်ဆိတ်ဆိတ် ၊ ငြိမ်ငြိမ်သက်သက် ။ အထူးသဖြင့် ပါးက ပိုပြီး တိတ်ဆိတ်ကာ မျက်နှာတွင်လည်း အပူလုံးအပြည့် ။ ပါးအတွက် ကြီးကြီးက အစ်မထက်စာလျှင် အမေနှင့်ပင် ဆင်တူသည် ။ ငယ်ငယ်ကတည်းက မိဘမရှိတော့သည့်အတွက် ကြီးကြီးက မိဘနေရာတွင်နေကာ ထိန်းသိမ်းစောင့်ရှောက်ပေးသူ ။

ပါးနှင့်မားက နံနက်ဆိုလျှင် ဆေးရုံသွားပြီး ညမိုးချုပ်မှသာ ဆေးရုံမှပြန်လာသဖြင့် ဆိုင်ကိုလည်း ပိတ်ထားရသည် ။ လူကြီးနှစ်ယောက်လုံးအိမ်တွင်မရှိသောအခါ ချက်ပြုတ်ရေးက သူ့တာဝန် ။ တစ်ယောက်စာမဟုတ်ဘဲ နှစ်ယောက်စာအတွက် စီစဉ်ရသောအခါ စိတ်ကတော့ အနည်းနှင့်အများ ပင်ပန်းရသည် ။ ထမင်းချိုင့်ထဲသို့ တစ်ယောက်စာသာ ထည့်သွားမည်ဟု ဆုံးဖြတ်မိသည်မှာ အကြိမ်ကြိမ် ။ သို့သော် ထိုဆုံးဖြတ်ချက်များက သိပ်ကြာကြာမခံချေ ။ အချိန်တန်တော့လည်း ထမင်းချိုင့်ထဲသို့ နှစ်ယောက်စာထည့်ရသည်သာ ။

" ပေါင်ပေ့ "

အတွေးများနေသဖြင့် ခန္ဓာကိုယ်မှာ ဆတ်ခနဲတုန်သွား၏ ။ ပြီးမှ ဘေးဘက်ကိုကြည့်မိတော့ သူ့မျက်နှာကို သေချာအကဲခတ်နေသည့် မား၏အကြည့်နှင့် ဆုံလေသည် ။

" ဘာတွေ တွေးနေတာလဲ ပေါင်ပေ့ ၊ မား ပေါင်ပေ့ကို ကြည့်နေတာ...နည်းနည်းတောင်ကြာနေပြီ ၊ တစ်ခုခု အဆင်မပြေတာရှိလို့လား "

" မရှိပါဘူး မား "

" မားရဲ့ ပေါင်ပေ့လေး သနားပါတယ် ၊ မားက မချက်ပေးနိုင်တော့ ထမင်းချိုင့်ကောင်းကောင်း မထည့်ရဘူး "

" ရပါတယ် မား ၊ မားလဲ အားမှမအားတာ ၊ မားက ကျွန်တော့်ကိုသာ ပြောနေတာ...မားနဲ့ပါးရော ဆေးရုံမှာ စားဖို့အဆင်ပြေကြရဲ့လား "

" မားတို့က အဆင်ပြေတယ် ပေါင်ပေ့ ၊ ပိုင်စိုးရဲ့ ကောင်လေးက ဆေးရုံအတွက် ထမင်းချိုင့်ကို တာဝန်ယူပေးတယ်လေ "

မား၏ အဖြေစကားကြောင့် ဒယ်အိုးထဲမှ ကြက်သားပြုတ်ကြော်ကို ထမင်းချ်ိုင့်ထဲ
သို့ ထည့်နေသည့် သူ့လက်က ရပ်တန့်သွား၏ ။

My Green Forest ( Complete) Donde viven las historias. Descúbrelo ahora