Episode (57) Part 2

3.1K 312 64
                                    

Unicode

" စွပ်ပြုတ်ထဲကိုရှောက်ရွက်ထည့်မလား ထင် "

" ဟုတ်ကဲ့ အစ်မ "

" ငရုတ်သီးကောထည့်ချင်လား "

" နည်းနည်းပဲထည့်မယ် အစ်မ "

" နည်းနည်းနော် "

" ဟုတ်ကဲ့ အစ်မ ၊ ကျွန်တော်အစပ်သိပ်မစားနိုင်လို့ "

" အင်း...အင်း "

" ထင် ရှေ့မှာ ပါးနဲ့သွားထိုင်နေပါလား ၊ ဒီမှာကျတော့ မတ်တတ်ကြီးရပ်နေရတယ်လေ ၊ ဒီအလုပ်လောက်ကို ကျွန်တော်နဲ့မား နှစ်ယောက်တည်းလုပ်လို့ရပါတယ်ဗျာ "

" ဟုတ်သားပဲ...ထင်ရဲ့ ၊ သွား...သွား...ရှေ့မှာသွားနေလေ "

" ရတယ်...ရတယ်...အစ်မ ၊ ကျွန်တော်ဒီမှာပဲ နေချင်လို့ပါ "

" ဘာလဲ... ပါးကို ထင် ကြောက်လို့လား "

" မ...မ...မဟုတ်ပါဘူး "

" မဟုတ်ဘူးသာ​ပြောနေတာ ၊ စကားတွေလဲထစ်လို့ပါလား ထင်ရဲ့ "

" အစ်မကလဲ "

အပြန်အလှန်ပြောနေကြသည့် စကားများမှာ နားထဲကို အဆက်မပြတ်ဝင်ရောက်လာ၏ ။ ထို့အတူ ရယ်သံအချို့ကိုလည်း ရံဖန်ရံခါကြားနေရသောအခါ စိတ်မကြည်တော့ပေ ။ သုံးယောက်က မီးဖိုခန်းထဲရောက်နေကြပြီး သူတစ်ယောက်တည်းသာ အိမ်ရှေ့ခန်းတွင် ငုတ်တုတ် ။ တစ်အိမ်လုံးတွင် အကြီးဆုံးဖြစ်သော်လည်း အနည်းငယ်တော့စိတ်ကောက်ချင်လာ၏ ။

" ငါ့ကျတော့ တစ်ယောက်တည်း ထားထားကြတယ် "

" ပါးလဲလာဆိုပြီး ခေါ်လို့ရရဲ့သားနဲ့..."

နေရင်းထိုင်ရင်းသိမ်ငယ်စိတ်လေးဝင်လာပြန်တော့ မီးဖိုခန်းဘက် ခန္ဓာကိုယ်ကိုလှည့်ပြီး အကဲခတ်မိပြန်၏ ။ အိုးသံ ၊ ခွက်သံ ၊ ရယ်မောသံ ၊ စကားပြောသံများဖြင့် အသက်ဝင်နေသည့် မီးဖိုခန်းနှင့်ကွာခြားစွာ သူထိုင်နေသည့်နေရာကတော့ ခြောက်သွေ့တိတ်ဆိတ်လျက် ။ စိတ်ရှိသည့်အတိုင်းဆိုလျှင်ဖြင့် မီးဖိုခန်းထဲကို ဝင်သွားပြီးပြီ ။ သို့သော်လည်း ထိုသို့လုပ်၍မဖြစ်သည့်အခါ စိတ်ကိုချ်ိုးနှိမ်ပြီး သည်အတိုင်းထိုင်စောင့်ရုံသာ တတ်နိုင်ပါသည် ။

My Green Forest ( Complete) Where stories live. Discover now