Unicode
တံခါးခေါက်သံမှာကျယ်လာပြီး အပြင်ဘက်မှခေါ်သံမှာလည်း တဖြည်းဖြည်းကျယ်လောင်လာသောအခါ ဒေါ်သက်ထားဆွေ သည်အတိုင်းရပ်မနေနိုင်တော့ ။ ထို့အတွက်ကြောင့် ခြေလှမ်းကိုနောက်ပြန်လှည့်ပြီး တံခါးသွားဖွင့်ရန်ကြံရွယ်လိုက်သောအခါ ဦးကျော်ဝင်းက မဖွင့်နှင့်ဆိုသောသဘောဖြင့်ခေါင်းခါပြ၏ ။
" ပါးရယ်...အပြင်ကဒီလောက်ခေါ်နေတာလေ ၊ ဘာအရေးကြီးနေလဲဆိုတာ သိရအောင်တော့ဖွင့်ကြည့်သင့်တာပေါ့ "
" ဘာမှအရေးမကြီးဘူး ထားလိုက်ပါ မား "
ထိုစကားကိုပြောရင်း လက်သီးနှစ်ဖက်လုံးကိုပါ ကျစ်ကျစ်ဆုပ်မိ၏ ။ သူ့အလိုဆိုလျှင်ဖြင့် တံခါးကိုဆွဲဖွင့်ပြီး ထိုကောင်၏မျက်ခွက်ကို စုတ်ပြတ်သွားအောင်ဆွဲထိုးပစ်ချင်သည် ။ မားကြောင့်သာ သူ့စိတ်ကို အတတ်နိုင်ဆုံး လွတ်ထွက်မသွားရအောင်ထိန်းထားခြင်းပင် ။ မားကို သူ့ကြောင့် စိတ်မညစ်စေလိုပေ ။
ပါး၏ပေါက်ထွက်မတတ်နီရဲနေသောမျက်နှာနှင့် မား၏ဝေခွဲမရဖြစ်နေသောမျက်နှာကို စူးစိုက်ကြည့်လိုက်ကာ သက်ပြင်းချမိ၏ ။ ထင်ကလည်း တံခါးမဖွင့်မချင်းခေါက်နေမည့်သဘော ။ ကြာလာလျှင် ပါး၏ဒေါသမှာ ပေါက်ထွက်လာပေလိမ့်မည် ။ ထင်နှင့်ပါးထိပ်တိုက်မတွေ့စေရန် ကြားဝင်ဖြေရှင်းမှသာ အကောင်းဆုံးဖြစ်လိမ့်မည်ဆိုသောအတွေးဖြင့် မီးဖိုခန်းထဲမှထွက်ကာ ဆိုင်တံခါးဆီကိုလျှောက်သွားသည့်ခြေလှမ်းများမှာ ပါးက သူ့လက်ကိုဖမ်းဆွဲလိုက်ခြင်းကြောင့် တုံ့ခနဲရပ်သွားရသည် ။
" ဒါကဘယ်လဲ "
ပါး၏စကားသံသည်အေးစက်နေပြီး သူ့လက်ကိုကိုင်ထားသည့်ပါး၏လက်မှာလည်း ခပ်အေးအေး ။
" ကျွန်တော် ခဏစကားပြောချင်လို့ ပါး "
" ဟင်...အပြင်ကလူကို ပေါင်ပေ့ကသိနေတာလား "
" သောက်ရေးမပါတာတွေ "
ပါးနှင့်မားဆီမှ စကားသံမှာ တစ်ပြိုင်တည်းထွက်လာခဲ့၏ ။ ထိုအခါ မားကပါးကိုမျက်လုံးဝေ့ကြည့်ပြီးမှ သူ့ကိုအကြာကြီးစိုက်ကြည့်နေသည် ။
KAMU SEDANG MEMBACA
My Green Forest ( Complete)
Romansaကန္တာရထဲက လူတစ်ယောက် ကႏၱာရထဲက လူတစ္ေယာက္ (သက်ကောင်းလူ) ဒီနေ့... မနက်ဖြန်... သန်ဘက်ခါ... ကျန်ရှိတဲ့နေ့ရက်တိုင်းမှာ ကျွန်တော့်အချစ်တွေနဲ့ ထင့်ကို မွမ်းမံပါမယ်...။ (အလက်ဇန်းဒါးထင် ) ပျော်ရွှင်သည့်အချိန်... ဝမ်းနည်းသည့်အချိန်... အားငယ်သည့်အချိန်... အထီ...