Episode (44)

2.3K 202 49
                                    

Unicode

ပန်းပွင့် ခြံထဲသို့ဝင်ဝင်ချင်း အမေ့ကိုတွေ့လိုက်ရသဖြင့် တစ်နေကုန်မောပန်းသမျှအားလုံးမှာ ချက်ချင်းပင်ပျောက်သွားရသည် ။ သနပ်ခါးရေကျဲလေးလူးထားသည့် အမေ့ပုံစံလေးက နဂိုရက်များထက်ပို၍လန်းဆန်းနေသည်ဟု ခံစားရ၏ ။

စိတ်ချမ်းသာလိုက်တာ ၊ အမေ့ကို အခုလိုမျိုးမြင်ရတာနဲ့ကို စိတ်ချမ်းသာနေပါပြီ ။

အမေကလည်း ပန်းပွင့်ကိုမြင်သည်နှင့် အားရပါးရပြုံးပြကာ ထိုင်နေရာမှထဟန်ပြင်၏ ။

" မထနဲ့...မထနဲ့...အမေ "

ကပျာကယာတားမြစ်ရင်း စီးလာသည့်စက်ဘီးကိုရပ် ၊ ဒေါက်ထောက်ပြီးမှ အမေထိုင်နေသည့် ကွပ်ပျစ်ဆီသို့ ခပ်မြန်မြန်လေးလျှောက်သွားလိုက်၏ ။ အမေ့ဘေးနားတွင်ဝင်ထိုင်သည့်အခါ သနပ်ခါးနံ့သင်းသင်းကလည်း နှာခေါင်းထဲကို ဖြည်းညင်းစွာဝင်ရောက်လာလေသည် ။

" မွှေးလိုက်တာ "

" ဟင်... ဘာလဲ...သမီး "

" အမေ့ဆီကရတဲ့ သနပ်ခါးနံ့လေးကသိပ်မွှေးတာပဲ အမေရယ် ၊ သမီးဖြင့်အမောကိုပြေရော..."

ပြောလည်းပြော အမေ့ညာဘက်ပါးပြင်လေးကို ရွှတ်ခနဲအသံမြည်အောင်နမ်းပစ်တော့ အမေက နှစ်နှစ်ကာကာပြုံး၏ ။

" အမေလဲ သမီးမျက်နှာလေးမြင်တာနဲ့ အမောပြေသွားရော ၊ ဒါနဲ့ မောင်ထွေးရောဘယ်မှာကျန်ခဲ့လဲ ၊ သမီးတို့နှစ်ယောက်က အတူတူပြန်လာတာမဟုတ်ဘူးလား "

အမေက ခြံဝကိုလှမ်းကြည့်၍ အမေးစကားဆိုလာသည် ။

" အတူတူပြန်လာတာပါ အမေ ၊ ဦးလေးမောင်ထွေးက ဆန်ဝင်ဝယ်နေလို့ သမီးက အိမ်ကိုအရင်ပြန်လာလိုက်တာ "

" သြော် "

" အမေရော နေလို့သက်သာရဲ့လား "

" အမေ နေရတာ အများကြီးသက်သာသွားတယ် သမီးရဲ့ ၊ အရင်ကဆိုရင်လှုပ်တာနဲ့မောတာ...မောတာ ၊ အခုဆိုရင် သိပ်ပြီးမောတယ်လို့မခံစားရဘူး သမီး "

" အနာနဲ့ဆေးတွေ့သွားတဲ့သဘောပေါ့ အမေရယ် ၊ ဆေးကိုတော့ပုံမှန်သောက်မှဖြစ်မှာနော် "

My Green Forest ( Complete) Where stories live. Discover now