Uni
အနွယ်တို့တောင်ဘက်မုဒ်ကနေတတ်လာရင်း လမ်းမှာပန်းရောင်းနေသည်တွေ့တာကြောင့် ဘုရားမှာကပ်ဖို့ ပန်းဝယ်ရယ်ပြင်လိုက်သည်။" အမရေ ပန်း ကဘယ်လိုရောင်းလဲ "
" ညီမလေးရေ ၅ကျပ်တည်း ပန်းတွေအစုံပါတယ် "
" ဟုတ် အမ အဲ့တာဆို ညီမကိုတစ်စည်းပေးနော်"
" ဟုတ်ပြီ ညီမလေးရေ "
အနွယ် ပန်းသည်အမကြီး ကမ်းလာတဲ့ ပန်းကို လှမ်းယူဖို့အလုပ် ဟန်နီက ပန်းစည်းကို ဖြတ်ယူသွားသည်။
" အမ "
" ဟေ "
" ပန်းတွေက ဒါတွေပဲရှိတာလား "
ထိုအမေးကြောင့် ပန်းသည်အမကြီးက ကြောင်အမ်းအမ်းဖြစ်သွားလေသည်။" ဇီဇဝါ မရှ်ိဖူးလား "
" ဇီဇဝါ အေးအေး ခနနော် ရှာပေးမယ် "
ပန်းသည်အမကြီး ပန်းရှာနေတုန်း အနွယ်က ဟန်နီကို ဘာလုပ်တာလဲဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
သို့သော်လည်း ဟန်နီက ဘာမှမပြောပဲ အပြုံးတစ်ပွင့်သာပြုံးပြလာသည်။" အို ရှိနေတာပဲ ဒီမှာ ညီမလေး ဇီဇဝါ ရှိတယ်"
" ဟုတ် အမအဲ့တာဆို ဇီဇဝါပဲ ပေးတော့ "
" အေးအေး ညီမလေး"
ပန်းသည်အမကြီး လက်ထဲက ဇီဇဝါပန်းကို အနွယ့်လက်ထဲထည့်ပေးလိုက်သည်။
" လာ ဟန်နီတို့သွားရအောင် ဟိုနှစ်ယောက်က ဘုရားတောင် တစ်ပတ်ပတ်ပြီးနေလောက်ပြီ"
" အယ် ဟုတ်သား သူတို့နှစ်ယောက်ကို မေ့နေတာရော"
ရှက်ပြုံးလေးတစ်ပွင့်စွန့်ကြဲလိုက်ပြီး ဘုရားပေါ်အမြန်တတ်သွားလိုက်သည်။
ဘုရားပေါ်ရောက်သည်နှင့် ကိုယ့်နေနံကို လိုက်ရှာပြီး ဘုရားဦးချ၊ ပန်းကပ် ပြီးရေသပ္ပါယ်ကြသည်။မုန်းကတော့ ဘုရားစာ မရသည့်သူပီပီ ဦးသုံးကြိမ်သာချလိုက်ပြီး ဘုရားအကြာကြီးရှိခိုးနေသည့် အချစ်သည်းကညှာကိုစောင့်နေလိုက်သည်။
အနွယ်နဲ့မုန်း ဘုရားရင်ပြင်ပေါ်ကို တစ်ပတ်ပတ်နေရင်း ခုနက မမေးလိုက်ရတဲ့မေးခွန်းကိုမေးလိုက်သည်။
BẠN ĐANG ĐỌC
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Truyện Ngắnအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...