Uni
နှင်းဆီမြိုင်စံအိမ်ရှေ့ကားထိုးရပ်သွားသည်
ထိစကားတစ်ခွန်းမှမပြောလာသည့် ဟန်နီကြောင့် အနွယ်အင်တင်တင်ဖြစ်နေရသည်။" ဟန်နီ"
" ဟန်နီ"
"ဟင် ပြောလေ "
" အနွယ် အိမ်ထဲဝင်တော့မယ်လို့ "
" အိုကွယ် ဟုတ်သားပဲ ဟန်နီဘိလပ်က အလုပ်အကြောင်းစဉ်းစားနေရင်း အတွေးလွန်သွားတာနဲ့ မေ့နေတာ ဆောရီးနော်"
" ဆောရီး.."
သူ့အသံနောက်ကသံယောင်လိုက်ပြောလာသည့်ကလေးမကြောင့်မုန်းခပ်ဟဟရီမိသည်။
" ဆောရီးဆိုတာ ဘိလပ်ဆို တောင်းပန်ပါတယ်လို့အဓိပ္ပါယ်သက်ရောက်တယ် နွယ်"
" ဪ အဲ့သလိုကိုး ဒါဆိုရင်ဖြင့် အနွယ့်ကိုခွင့်ပြုပါဦးနော်"
" ဟုတ်ကဲ့ပါရှင်"
မုန်း ဓာတ်စက်လေးကိုပိုက်ပြီး အိမ်ထဲလှုပ်တုပ်လှုပ်တုပ်ဝင်သွားတဲ့ကလေးမကို ကြည့်ပြီးမှ ထိုနေရာကနေ ကားပြန်မောင်းထွက်လာခဲ့သည်။
" အား မမချို!"
အနွယ် အိမ်ထဲဝင်ဝင်ခြင်း မမချို ၏ ဆံပင်ဖျားလျားကြီးချပြီး စောင့်နေသည့်ပုံကြောင့်ရင်တွေပန်းတွေတောင်တုန်သွားရသည်။" လိပ်ပြာလွင့် သွားတော့မှာပဲ "
" အယ် လိပ်ပြာလေးရေ ကလူ ကလူ ပြန်လာလေ!"
" လိပ်ပြာမလွင့်ဖူး ရပြီတော် မမချို ဆံပင်ဖားလျားကြီးချပြီးဘာလုပ်နေတာတုန်း "
" ကျုပ် ခေါင်းလျော်ထားတာအေ "
" ညကြီးမိုးချုပ်မှ မမချိုရယ် တော်ကြာအအေးမိနေဦးမယ်"
" တော်လေး ကျုပ်ကိုစိတ်ပူနေတာလား"
ပြောင်စပ်စပ်မျက်နှာပေးဖြင့်မေးလာသည်။
" မဟုတ်ပေါင် တော်ကြာ အအေးမိပြီးသေသွားရင် အမွေမရလိုက်မှာဆိုးလို့"
" တယ် ဒီကလေးမ ရော့ဟယ်"
ကြည်စားသည်ကိုစိတ်မဆိုးပဲလက်ဖြင့်ခေါင်းကို ခပ်ဖွဖွထုလာသည်။
" ကဲ ညည်းရွာပြန်တာ ကျုပ်အတွက်ဘာပါတုန်း "
" အကြွေးတွေပဲပါလာတယ်ယူမလား မမချို"
ESTÁS LEYENDO
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Historia Cortaအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...