၃၀။ လျစ်လျှူရှူခြင်း (uni +Zawgyi)

1.2K 124 6
                                    

Uni

သျှင်းနဲ့ ဒေစီ လှေကားနားမှာမေ့မျောသွားသော အနွယ်ကြောင့်လန့်ဖြန့်သွားရသည်။
သျှင်းလဲ ထိုင်နေရာမှပြေးထပြီးလှေကားနားသို့ပြေးလိုက်ပြီး မမချိုကို လှမ်းအော်လိုက်သည်။ လှမ်းအော်ခေါ်လိုက်တော့ မမချိုအပါအဝင် ကလေးမလေးတွေပါရုတ်ရုတ်သဲသဲပြေးထွက်လာကြသည်။

" ဟဲ့  ဟဲ့ဘာဖြစ်တာတုန်း !
အနွယ် ! သမီး နွယ် ဘယ်လိုဖြစ်ရတာလဲ! ဟိုကလေးမတွေ ကြောင်ကြည့်မနေနဲ့လေ သမားတော်သွားခေါ် ကျန်တဲ့လူတွေက အနွယ့်အပေါ်ထပ်အခန်းထဲကို တွဲမကြလေ အော်!"

မမချိုကိုယ်တိုင်လဲခြေတွေလက်တွေတုန်နေပေမဲ့ သမားတော်ကိုတော့အမိအရခေါ်ခိူင်းလိုက်သည်။

ကောင်မ‌လေး သူံးလေးယောက်နဲ့အပေါ်ထပ်အနွယ့်အခန်းထဲကို တွဲချီမသွားပြီး အခန်းထဲရှိကုတင်ပေါ်မှာ စောင်ခြုံပေးထားလိုက်သည်။ ဘေးနားမှာတရှုံရှုံငိုနေသည့်သျှင်းကိုလှမ်းကြည့်လိုက်သည်။ သျှင်းက ထိုနေရာမှရှ်ိခဲ့တော့ အပြည့်အစုံသိမှာပဲ။

" ဟဲ့ သျှင်း !"

" ရှင် မမချို "

" နင် အဲ့နေရာမှာရှ်ိခဲ့တယ်ဆိုတော့ ဘယ်လိုဖြစ်သွားတာလဲ နင်သိမှာပဲ မဟုတ်လား ဘာလို့ အနွယ်က ခုလိုမေ့သွားရတာလဲ စောနကထိတောင်ငါနဲ့စကားစမြည်ပြောနေတာလေ !"

"  သျှင်း လဲမသိဖူး မမချို ဒေစီနဲ့ သျှင်းနဲ့စကားပြောနေတာကို မမနွယ်က ဖြတ်ပြီးဝင်ပြောလာတယ် ပြီးတော့ ဒေစီပြောလိုက်တဲ့ အမည်တစ်ခုကိုကြားပြီးမေ့လဲသွားတော့တာပဲ "

" အမည် ! ဘာအမည်လဲ"

" ဟို မုန်း."

ဒေါက် ဒေါက်
အပြင်ဘက်ကနေ တံခါးနှစ်ချက်ခေါက်လိုက်သည်ကြောင့် သျှင်းပြောလက်စ စကားကိုခနရပ်ပြီးတံခါးသွားဖွင့်ပေးလိုက်သည်။ အပြင်ဘက်မှာ ဒေါက်တာတစ်ယောက်မက်တပ်ရပ်နေသည့်ချက်ချင်းပဲအထဲကိူခေါ်လိူက်သည်။

" ဒေါက်တာ အထဲဝင်ပါ လူနာက ကုတင်ပေါ်မှာ"

ဒေါက်တာက  ဆရာဝန်သုံး နားကြပ်ကိုထုတ်ပြီးအိပ်ပျော်နေသည့်မမနွယ်ကိုစမ်းသပ်လိုက်သည်။စမ်းသပ်ပြီးတော့ဘေးဘက်မှာရှိ‌ေနသည့် မမချိုကို စကားစလိုက်သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ