Uni
အနွယ် အိမ်ပြန်ရောက်ရောက်ခြင်း အပေါက်ဝမှာစီးကြိုနေသည့် မမချိုကိုတွေ့လိုက်ရသည်။ မစောင့်စဖူးစောင့်နေသည်ကြောင့် အနွယ် မေးလိုက်သည်။
" မမချို ဘာလုပ်နေတာတုန်း အပေါက်ဝကြီးမှာ မိုးတိုးမက်တပ်ကြီးနဲ့ "
ထိုသို့ပြောလိုက်တော့ ဧည့်ခန်းထဲကို မျက်စောင်းထိုးပြသည်။
" ဘာရှိနေလို့တုန်း"
ပြောလဲပြောကြည့်လဲကြည့်လိုက်သည်။
" ဟင် မမလေးဒေစီ "
ထိုအခါမှ ဧည့်ခန်းထဲက လေဒီပျိုကညှာဝတ်စုံဝတ်ထားပြီး ကြမ်းပြင်ပေါ်မှာ မုန့်ထုတ်တွေ အများကြီး နှင့်တူတူရှိနေသည့် မမလေးဒေစီက လှမ်း၍ ပြုံးပြလာသည်။
" အနွယ်လာလေ ဒီမှာ မုန့်တွေဝယ်လာတယ် "
" ရပါတယ်မမလေးရဲ့ မမချိုနဲ့ပြောစရာစကားလေးရှိသေးလို့ ခွင့်ပြုပါဦးနော် သျှင်းလေးနဲ့ လွတ်လွတ်လပ်လပ်စကားပြောကြပါ "
မမချိုလက်ကိုဆွဲပြီး မမချို့ရဲ့အိပ်ခန်းထဲကိုဆွဲခေါ်သွားလိုက်သည်။
အိပ်ခန်းထဲရောက်ခါမှ ချိုင်းမှာညှပ်ထားသည့်ပိုက်ဆံအိတ်ကို ကုတင်ပေါ်ပစ်တင်လိုက်သည်။
" ဟဲ့ဟဲ့ ဘာဖြစ်နေတာတုန်း အဲ့တာ "
မျက်နှာမကောင်း၍နှုန်းနေသော အနွယ့်ကို ကြည့်ပြီးမမချိုကမေးလာလေသည်။" မမချို အခုပဲ မြို့အုပ်မင်းနဲ့သွားတွေ့လာတာလေ "
" အေးလေ ငါသိတယ်လေ ငါကိုယ်တိုင်နင့်ကိုသွားခိုင်းလိုက်တာလေ "
အနွယ်ခေါင်းကုတ်လိုက်ပြီး ဖြစ်ပျက်သမျှတွေကိုပြောပြလိုက်သည်။ အစအဆုံးပြောပြလိုက်တော့ မမချိုက မျက်လုံးပြူးမျက်ဆန်ပြူးနှင့် အာမေဋိတ် သံကြီးပြုလာသည်။
" တဂယ်ကြီးအဲ့ဂိုဏ်းလား ငါမယုံနိုင်ဖူးကွယ်"
အနွယ် မမချိုကို မျက်လုံးတစ်ချက်လှန်ပြီးကြည့်လိုက်သည်။
" မမချိုတစ်ယောက်တည်းလား အနွယ်ဆို စစကြားချင်းတုန်းကဆို ခြေတွေလက်တွေတောင် မကိုင်မိဖြစ်သွားရတာ"
ВЫ ЧИТАЕТЕ
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Короткий рассказအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...