Uni
သစ္စာနွယ်တော်ပျော်မွေ့ရာ~
*အနွယ်ပျော်မွေ့ရာနေရာသည်ကား ဤ (နှင်းဆီမြိုင်)အပျော်စံအိမ်တည်းသာဖြစ် တော့သည်။*
~~~~~~~~~~~~~
အချိန်သည်ကားဝေလီဝေလင်း အာရုံတတ်ချိန်။
မနက်စောစောစီးစီး နှင်းဆီမြိုင်စံအိမ်မှာတော့ မမေရှင်၏ ရှေးရက်စက်သီချင်းသံသည်ကား ရေဒီယိုကနေပျံ့လွှင့်လို့နေပြီဖြစ်သည်။
(လူမြင်ရင်ချစ်ခင်ဖွယ်
ရူပါရုံချောလှတယ်
သဘောကောင်းတဲ့သူလေးရယ်
အတူဆုံ ဖို့ နဖူးစာရေးမယ်..🎶🎶)သီချင်းသံတစ်ပိုဒ်အဆုံးမှာတော့ ချိုသာလှတဲ့ အသံလေး ထွက်ပေါ်လာတော့သည်။ အသံသာယာသော်ငြားလည်း အသံလေးနဲ့မလိုက်မဖက်စွာ စကားလုံးကြမ်းကြမ်း စီကာပတ်ကုံးထွက်ပေါ်လာတော့သည်။
" မမချို ကတော့ အပျော်စံအိမ်ဆိုတဲ့ဂုဏ်အင်နဲ့မလိုက်မဖက် သီချင်းဖွင့်နေပြန်ပြီ ဒီနေရာက ဘယ်လိုနေရာလဲဆိုတာမေ့နေပြန်ပြီထင်ပါရဲ့.."
" အယ်မလေးတော် ကိုယ့်အကြိုက်နဲ့ကိုယ်ပဲလေ တော် တော်ပဲ ဝေဖန်နေလိုက်တော့ ကျုပ်ကို ဝေဖန်နေတာ ဒီစံအိမ်မှာတော်ပဲရှိတယ်တော်"
မမချိုဆိုသည့်အမျိုးသမီးစီမှ ဇတ်ဇတ်ကြဲအသံထွက်လာသော်ငြားလည်း အသံပိုင်ရှင်အမျိုးသမီးငယ်ကတော့ ဆာကူရာ ပန်းချီဆွဲပေးထားသည့် "ရှင်ဟာလေ" ဆိုသည့် အပြာရုပ်ပြစာအုပ်ကို စိတ်ဝင်တစားဖတ်ရှုနေလေသည်။
" ဟဲ့ဟဲ့ တော့်ကို ဦးရာဇဝင်လာငှားတယ်ဆို"
ဦးရာဇဝင်ဆိုသည့် အမည်ပိုင်ရှင်သည်ကား မြို့၏ သုံးပုံတစ်ပုံ စီးပွားရေးကို အပိုင်စားထားသော သူဌေးကြီးတစ်ခုဦးဖြစ်ပေသည်။ ထိုသူ၏ အမျိုးသမီးကတော့ ဆုံးပါးသွားတာနှစ်အတော်ကြာပြီသတင်းထွက်နေသော်ငြားလည်း ထိုသတင်းကို ဘယ်သူမှအတည်မပြုပေးသောကြောင့် ထိုသတင်းကိုယုံရနိုးမယုံနိုး ဖြစ်နေသူအများအပြားရှိနေသည်။ ထိုအများအပြားထဲမှာ မမချိုသည်ကား ပါဝင်နေခဲ့ပြန်သည်။" ဟုတ်တယ်လေ မမချို ညကြရင်လာခေါ်မယ်လို့ သူလူယုံက ပြောတယ်"
VOCÊ ESTÁ LENDO
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Contoအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...