Uni
ငါးနှစ်ကြာပိတ်ထားသည့်အိမ်ကြီးမယ် ကြပ်ခိုးတလူလူ၊ ဖုန်တလောင်းလောင်းတတ်နေသည်။ သည်ကြောင့် အနွယ်နှင့်မိတိုးမှာ နေ့လည်စာစားပြီးသည်နှင့်မနားပဲ အိမ်ကြီးကိုသန့်ရှင်းရေးလုပ်ရတော့သည်။ အနွယ် မိတိုးဦးကြီးကို ခွင့်တောင်းပြီး အရစ်ကျဖြင့်အိမ်ပြန်ဝယ်ရန် ဆုံးဖြတ်ထားသည်။ အနွယ့်လက်ထဲမယ် ၁၅၀သာပါလာသည်ကြောင့် လမ်းစရိတ်၅၀သာ ဖယ်ပြီး ၁၀၀အရင်ငွေချေထားလိုက်သည်။ မိတိုး ဦးကြီးက အရင်က အဖေနဲ့သူငယ်ချင်းဖြစ်သည်ကြောင့် အနွယ်အရစ်ကျချေဖို့ လွယ်ကူသွားခြင်းပေ။အိမ်ပေါ်ထပ်မှာသန့်ရှင်းရေးလုပ်နေသည့် မိတိုးကို အိမ်အပြင်မှအော်ခေါ်သံကြောင့် အနွယ်လက်တို့ပြီး အောက်ထပ်ဆင်းခိုင်းပြီး ဘယ်သူခေါ်သလဲဆိုတာ သွားကြည့်ခိုင်းလိုက်သည်။
အောက်ထပ်ဆင်းပြီး ခနအကြာမှာ မိတိုးက တစ်စုံတစ်ယောက်ကို ခေါ်ပြီး အိမ်အပေါ်ထပ်သို့ တတ်လာသည်။
" အနွယ်ရေ "
" ဟေ ပြောလေ မိတိုး"
" ဒီမယ် နင်မှတ်မိလားတော့မသိဖူး ငါ့တို့ငယ်ငယ်တုန်းက ရွာအပြင်မှာနေတဲ့ကောင်ငယ်လေးလေ သူက အခုမ
ငါတို့သန့်ရှင်းရေးလုပ်တာကူချင်လို့တဲ့အေ"" ရတာပေါ့ တစ်ယောက်အပိုရှိတော့ မြန်မြန်ပြီးတာပေါ့အေ သူလေး တောင်အရွယ်ရောက်နေပြီပဲ ငါထွက်သွားတုန်းက မယ် ကလေးပုစိလေးပဲရှိသေးတာမှလား"
" ဟုတ်ပ့အေ "
မိတိုးနောက်မှာရပ်နေပြီး အနွယ်တို့စကားဝိုင်းထဲကိုဝင်မပါရဲတော့ ကောင်ငယ်လေးကို အနွယ်ကပဲစကားဝိုင်းထဲဆွဲသွင်းလိူက်သည်။
" နင့်နာမည် ဘယ်သူ ငါမေ့နေလို့"
" သရောမောင် ပါ မမလေးနွယ်"
" ဟုတ်ပြီ မမလေးလို့မခေါ်ပါနဲ့ အနွယ်လို့ပဲရင်းရင်းနှီးနှီးခေါ်ပါ "
" ဟုတ်ကဲ့ မမ.. မှားလို့အနွယ်"
အနွယ်ထိုကောင်လေးမှာ စစချင်းတုန်းက လူရှိန်နေသည်ကြောင့်စကားသိပ်မပြောပေမဲ့ ခနအကြာမှာတော့ ငယ်ပေါင်းကြီးဖော်တွေလိုမျိုးဖြစ်သွားကြသည်။ သုံးယောက်သား အိမ်ကြီးကိုသန့်ရှင်းရေးလုပ်နေကြသည်မှာ မွန်းတည့်ချိန်ကနေ ညနေနေမဝင်မှီရောင်နီသန်းချိန်မှပြီးတော့သည်။
ESTÁS LEYENDO
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Historia Cortaအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...