Uni
ဒေါ်ငွေစံပယ်ခင် သူမအတွက်ပြင်ပေးထားသည့်အခန်းထဲဝင်သွားပြီး အောက်ထပ်က လူ၏ အခန်းထဲကိုဘယ်လိုခိုးဝင်ရမလဲစဉ်းစားနေမိသည်။ စောနက ဟိုမိန်းကလေးပြောသလိုဆို သူတို့လုပ်ငန်းရဲ့အရေးကြီးဆုံးအချက်အလက်တွေကို ထိုလူ၏ အခန်းထဲမှာဝှက်ထားမှာသေချာသလောက်ပင်။အောက်ထပ်မှာ ဟိုအဖွားကြီးက ရှိနေသည်ကြောင့် သွားရန်မလွယ်ကူ ။ ပြီးတော့ လဲအိမ်စေတွေက ခန့်မှန်းထားသည်ကြောင့် လှုပ်ရှားရန်မလွယ်ကူ။
တောက်!
တောက်ခေါက်သံတစ်ချက်ကျယ်လောင်စွာထွက်ပေါ်လာသည်။
သားတစ်ယောက်ရှိတာလဲဘာမှအားကိုးမရ၊ မြို့အုပ်မင်းဖြစ်နေပြီကို ခုချိန်ထိ ဒီရာဇဝင်သားအဖကို မဖမ်းစီးနိုင်သေးဖူး။ စောက်သုံးမကျလိုက်တာ။ ဒီနှစ်အတောအတွင်း သူမြို့အုပ်မင်းဖြစ်ဖို့ရာ သူမ၏ အချိန်တွေအကုန်လုံးကိုသူ့စီမြုပ်နှံထားပြီး ထိုရာဇဝင်သားအဖကို လျစ်လျှူရှုထားမိသည်ကြောင့် ထိုရာဇဝင်သားအဖက ပိုလို့တောင်အင်အားကြီးလာသည်။
ထိုရာဇဝင်သားအဖကို ရိုက်ချဖို့က လာဘ်ပေးလာဘ်ယူစာရင်းနဲ့တရားမဝင်ကုန်သွယ်စာရင်း ထိုနှစ်ခုထဲက တစ်ခုရရင်ရိုက်ချနိုင်ပြီ ။ ဒါပေမဲ့ ထိုအခန်းကိုခုချိန်ထိခိုးဝင်လို့မရသေးသည်ကြောင့် အခက်တွေ့နေရသည်။
" စိတ်ချပါ ထိုစာရင်းကို မတွေ့တွေ့အောင်ရှာပြီး ဒီကညီမငယ်က အကိုကြီးအတွက်သေချာပေါက်လက်စားချေပေးပါ့မယ်"
*
*
*
*
*
*
မုန်းကားမောင်းနေရင်းနှင့်မဲ့ ပြုံးတစ်ချက်ပြုံးလိုက်မိသည်။ ကုန်တိုက်မြေအောက်ခန်းမှာ အမှတ်မထင်တွေ့လိုက်ကတည်းက ထူးဆန်းတယ်လို့ထင်ခဲ့တာ ။မနေ့ညက ဒယ်ဒီ့အခန်းထဲကိုခိုးချောင်ခိုးဝှက်ဝင်ဖို့လုပ်နေသည်ကိုမြင်တွေ့လိုက်ရတည်းက သူမ၏ သံသယက ပိုတိုးလို့သေချာသွားရသည်။
အတိတ်မေ့နေသည်ဟုပြောသော်လည်း ဝတ်ပုံစားပုံပြောဆိုပုံတွေက သူ၏ မေ့သွားသောအတိတ်ကာလနှင့်မတူပဲ ဒီဘက်ခေတ်အတိုင်းပြောဆိုနေသည်။ဒီတစ်ချက်ကို သူ့ အမေအယောင်ဆောင်ထားသည့်အမျိုးသမီးက သတိမမူမိခဲ့ချေ။ သို့ပေမဲ့လည်း မုန်းစဉ်းစားလို့မရသည်က အယောင်ဆောင်အမျိုးသမီးက ဘာဖြစ်လို့များသူ့အမေနှင့်ချွတ်ဆွပ်တူနေရသလဲဆိုတာ။
BẠN ĐANG ĐỌC
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Truyện Ngắnအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...