Uni
" ဖေကြီး "" ဟေ "
" အဲ့စာရင်းတွေခနချပြီး အနွယ်ပြောတာခုနနားထောင်ပေးဦး "
ထိုအသံစာစာလေးကြောင့်
လုပ်နေသည့်လယ်ခွန်စာရင်းတွေကိုစားပွဲပေါ်တင်လိုက်ပြီးကောက်တော်မူတော့မည်သမီးအသည်းညှာလေးနားသို့သွားလိုက်ပြီး တမင်ခွေထိုင်လိုက်သည်။"ကိုင်း ..ပြောစေဗျာ ဘာတွေစိုးရိမ်နေတာတုန်း ဖေ့မင်းသမီးလေးက "
" ဖေကြီး အနွယ့်ကို တစ်ယောက်တည်းမထားခဲ့နော် အနွယ် ဖေကြီးမရှိပဲနေနိုင်မယ်မထင်ဖူး"
ထိုသို့ပြောလိုက်တော့ဖေကြီးက တဟားဟားအော်ရီလာသည်။
" ဘာများလဲလို့ ငါ့သမီးရယ် ဧကန်န ရွာထဲသွားပြီး ဘာတွေစနည်းနာခဲ့ပြန်ပြီလဲ"
" ဟွန့်..စနည်းမနာပါဖူး ဖေကြီးရာ ဒီနေ့အနွယ်ရွာထဲသွားတော့ ရွာပြင်မှာနေတဲ့သားအဖလေ အဲ့လူကြီးပိုးထိပြီးဆုံးသွားလို့တဲ့ ရွာထဲမှာပြောနေကြတာ အဲ့တာကြားလာတာဖေကြီးရဲ့ သူ့သားလေးက ငယ်ငယ်လေးရယ် အဲ့တာ အဲ့ကလေးတစ်ယောက်တည်း ဘယ်လိုနေမလဲ တွေးပူမိလို့ပါဖေကြီးရဲ့"
" အဲ့သတင်းဖေကြီးလဲကြားတယ်သကိုး ဖေကြီးကူငွေ များများလေးထည့်ပေးခဲ့တယ် ရွာထဲက သူဌေးတွေ တောင်ပိုင်းမြောက်ပိုင်းက သူဌေးတွေ အကုန်လုံးစုပြီး ကူငွေထည့်ခဲ့တယ် အကုန်လုံးဘဘုန်းကိုအပ်ထားတယ် မသုံးရဖူးဆိုရင်တောင် တစ်နှစ်လောက်ဖူလုံပါတယ်ကွယ် "
" ဒါဆိုတော်သေးတာပေါ့ ဖေကြီးရယ် အနွယ်က စိတ်ပူနေတာ "
" ငါ့သမီးလေးက ဖေကြီးထားသွားမှာစိုးရိမ်နေတာ ဟုတ်စ"
" ဟုတ်တာပေါ့ ဖေကြီးကလဲ"
" ဒီမှာ သမီး ဖေကြီးပြောပြမယ် လူဆိုတဲ့အမျိုးက တစ်နေ့သေရမယ့်အမျိုးကြီးပဲ အမြဲတမ်းတူတူရှိနေပေးနိုင်မှာမဟုတ်ဖူး
သင်္ခါရ သဘောတရားကိုနားလည်ထားရမယ် သမီး သေသွားတဲ့လူတွေက အကုန်လုံးနေထိုင်ရမဲ့ကံကုန်သွားလိူ့သေကြတာကြီးပဲ ဒါပေမဲ့ဖေကြီးကတော့ ဖေ့သမီးလေး အိမ်ထောင်မပြုခင်အထိတော့ မသေနိုင်ဖူးဗျာ"
ESTÁS LEYENDO
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Historia Cortaအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...