Uni
ဝောာင်ပေါ်အိမ်လေးရဲ့ဘုရားစင်ရှေ့မှာအမျိုးသမီးလေးတစ်ယောက် ဘုရားသောက်တော်ရေလဲ၊ ဘုရားစင်သန့်ရှင်းရေးအမှု ကိုပြုလုပ်နေခဲ့သည်။ အမွှေးတိုင်ထွန်းပြီး မနက်စောစောထချက်ထားသည့် ကြက်သားကာလသားချက်နှင့် ထမင်းကို ဦးပေါင်းဖယ်လိုက်ပြီး ဘုရားဆွမ်းကပ်တဲ့ပန်းကန်ပြားလေးထဲမှာ သပ်သပ်ရပ်ရပ်ဖြင့်ကပ်ထားလေသည်။
ဆွမ်းကပ်၍ဘုရားရှိခိုးနေရင်း တစ်စံုတစ်ယောက်၏ ဘာသာမဲ့ဆိုတဲ့ အပြောလေးကို ပြန်ကြားယောင်မိသည်ကြောင့် အနည်းငယ်ပြုံးမိသည်။
ဆွမ်းကပ်ခြင်းအမှုပြီးတော့ အိမ်ရှေ့က အနော်ရဲ့အသံခပ်ဝဲဝဲကိုကြားလိုက်ရ၍ အိပ်ခန်းထဲမဝင်ပဲ အိမ်ပြင်ထွက်လာခဲ့သည်။ အိမ်ပြင်ရောက်ရောက်ခြင်း အနော်နောက်မှာ ရပ်နေသည့် မဖိတ်ခေါ်ထားသည့်ဧည့်သည်တွေကို တွေ့လိုက်ရလေသည်။
" မမနွယ် သူတို့က မမနွယ်ရဲ့အိမ်ကိုမေးနေတာတွေ့လို့ အနော်ခေါ်လာခဲ့တာ"
" အင်း ကျေးဇူးပဲနော် အနော် အိမ်ထဲဝင်ဦးလေ အနော် "
" မဝင်ေတာ့ဖူး မမနွယ် ချိန်းထားတာရှိလို့ "
" ဟုတ်ပြီကွယ် "
အနော်ပြန်ထွက်သွားသည့်တိုင် အိမ်ပေါက်ဝမှာမလှုပ်မယှက်ရပ်နေသည့် သျှင်းကြောင့် အနွယ်သက်ပြင်းခိုးချမိသည်။
" ဝင်လာခဲ့လေ သျှင်း "
အနွယ့်ရဲ့ဖိတ်ခေါ်ချက်ကိုလက်ခံရရှ်ိလိုက်ရမှ သျှင်း အပြုံးတွေဝင်းလက်သွားသည်။
အိမ်ထဲက မကျဉ်းမကျယ်ဧည့်ခန်းထဲလေးထဲမှာ အနွယ်နဲ့ သျှင်းမျက်နှာချင်းဆိုင်ထိုင်နေကြသည်။
" သျှင်း ဘာေသာက်ဦးမလဲ လဘ္ဘက်ရည်ဖျော်ပေးရမလား "
မမနွယ်ရဲ့စကားကိုကြားလိုက်တော့သျှင်းပုတ်သင်ညိုလို ခေါင်းဆတ်ဆတ်ငြိမ့်ပြလိုက်သည်။ မမနွယ်ဟာ မမနွယ်ပါပဲ စိတ်ထားဖြူစင်လှတဲ့မိန်းကလေး ၊ ဘယ်အရာကိုမှအညိုးမထားတတ်တဲ့မိန်းကလေး။
" ဟုတ် မမနွယ် မမနွယ်လက်ရာ လဘ္ဘက်ရည်ကို သျှင်းဖြင့်လွမ်းနေတာကြာရောပေါ့ "
BẠN ĐANG ĐỌC
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Truyện Ngắnအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...