Uni
အနွယ် အခန်းထဲမှာ စာအုပ်ဖတ်နေတုန်း ဦးကြီးရဲ့ခေါ်သံကြောင့် အိမ်အောက်ထပ်ကိုဆင်းလာခဲ့သည်။" ဦးကြီးဘာဖြစ်လို့တုန်း"
" အနွယ် ကို အမျိုးသမီးတစ်ယောက်က ခေါ်ခိုင်းလိုက်လို့ရယ် သျှင်းလေးကိုရော"
" အို အနွယ့်ကို လာတွေ့မဲ့သူမရှိပဲ ဦးကြီးရဲ့"
" အဲ့တာတော့ ဦးကြီးလဲမသိဖူးကွယ် အနွယ့်နဲ့ သျှငိးကိုခေါ်ခိုင်းဆိုလို့ ဦးကြီးက လာခေါ်တာ"
ပြောနေရင်းသျှင်းလေးရောက်လာသည်ကြောင့်အတော်ပဲဖြစ်သွားသည်။ တစ်ယောက်တည်းသွားမတွေ့ချင်။ဟိုဘက်က လည်း သျှင်းကိုခေါ်ခိုင်းလိုက်သည်ကြောင့် အနွယ် သျှင်းလေးကို ခေါ်ပြီးအိမ်ရှေ့ထွက်လာခဲ့သည်။
အနွယ့်နာမည်သိသည့် လူကုံထံအမျိုးသမီးက ခပ်ရှားရှားမဟုတ်ပေလား။
" မနွယ် သျှင်းတို့ကို ဘယ်သူကခေါ်တာလဲ"
" မ လဲမသိဖူးကွယ် အနွယ်တို့ကိုခေါ်တယ်လို့ပဲပြောရယ် ဘယ်သူဘယ်ဝါလို့မပြောသွားဖူး"
" အော် အဲ့သလိုကိုး"
နှစ်ယောက်သားအိမ်ရှေ့ထွက်လာရင်း ခြံတံခါးရှေ့မှာပြူတစ်ပြူတစ်လုပ်နေသည့်သူနှစ်ယောက်ကိုယ်စီအံ့အားတကြီး ရေရွတ်မိသည်။
" ဟန်နီ!"
" ဒေစီ!"
နာမည်လည်းခေါ်လိုက်ရော ရီကျဲကျဲကြည့်လာသောသူနှစ်ယောက်။
" ဟန်နီက ဘယ်လိုရောက်လာတာတုန်း"
" ဟန်နီက အနွယ့်ကို ဘုရားတူတူသွားဖူးဖို့ လာခေါ်တာရယ် အားတယ်မို့လား မအားလဲလိုက်ခဲ့ပါ ဟန်နီ အိမ်ကနေ ဒီကို ခြေချင်တောင်လျှောက်လာရတာ အဟင့်"
မျက်နှာလေးငယ်ပြီးပြောလာသည့်ဟန်နီကြောင့် အနွယ် စိတ်လျော့ပြီး လိုက်ဖို့ဆုံးဖြတ်လိုက်ရသည်။
" လိုက်ခဲ့ပါ့မယ် အဲ့တာဆို ခနနော် အနွယ် မချိုကိုသွားပြောလိုက်ဦးမယ်"
" ဟုတ် ဟုတ်"
မုန်း ထိုအမျိုးသမီးလေး လိုက်မည်ဟုပြောသောကြောင့် ကြိတ်ပျော်နေတုန်း ဘေးနားက ဒေစီမြမြခင် ရဲ့ မျက်နှာကိုကြည့်ပြီး ရီချင်လာသည်။
ESTÁS LEYENDO
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Historia Cortaအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...