Uni
ဗမာနိုင်ငံ၏ အကြီးဆုံး ဟိုတယ်သုံးခု တည်းက တစ်ခုဖြစ်သည့် တော်ဝင်ဟိုတယ်၌ယနေ့ညတင် လူပို၍စည်းကားနေလျက်ရှိသည်။ အရင်နေ့တွေကလည်း လူကုံထံပွဲတွေကြောင့်စည်းကားနေသော်လည်း ယနေ့ညတွင်ပို၍စည်ကားလျက်ရှိသည်။ လူစည်းကားနေသည့်အကြောင်းကတော့ မြို့အုပ်မင်းအသစ်အတွက်ဂုဏ်ပြုပွဲကျင်းပမည်ဟုဆိုသောကြောင့်ပင်ဖြစ်သည် ။ဘေတီအိုဗာလင်းမော်တော်ယာဉ်၊ အိုဗါလန်မော်တော်ယာဉ်တွေသည် တစ်စီးပြီးတစ်စီးဟိုတယ်ရှေ့တွင်ရပ်သွားကြသည်။ ထိုကားပေါ် တွေမှ ဆင်းလာသော လူအများကတော့ ရာထူးရာခံမြင့်မြင့်ရှိသော သူများပင်ဖြစ်သည်။ ဟိုတယ်က ဝန်ထမ်းတွေသည်လည်း ထိုလူကြီးများ စိတ်တိုင်းကျအောင်ပြာသလဲလဲ ဆောင်ရွက်ပေးနေကြသည့် မြင်ကွင်းမှာ စိတ်ရှုပ်စရာကောင်းလွန်းလှသည်။
မုန်း တို့စီးနင်းလာသောအိုဗါလန်ကား အနက်လေးမှာ အမှတ်၆၁၉ ကုန်သည်လမ်းထိပ်မှာတင်ကြန့်ကြာနေသည်မှာ မိနစ်ဝက်ခန့်တောင်ရှိလို့နေပြီ။ တဂယ်ဆို ဒီပွဲကို မလာချင်သော်ငြားလည်း သူသိသူတတ် လုပ်ပြနေသည့် လင်းမြင့်ဇရာမျိုး နှာခေါင်းသွေးအပြတ်ပြတ် ဖြစ်နေမည့်ပုံကို မြင်ချင်လွန်း၍ သာ လိုက်လာရခြင်းပေ။
ကားလမ်းပွင့် သွားပြီး ကုန်သည်လမ်းနှင့် ဘရုတ်ကင်းလမ်းမ ထောင့်မှာ ခန့်ညားစွာတည်ရှိနေသည့် တော်ဝင်ဟိုတယ်ရှေ့သို့ဆိုက်ရောက်လာသည်။
မုန်း ဒယ်ဒီ့ လက်ကို ချိတ်ပြီး ကားပေါ်ကဆင်းဖို့အလုပ် ဟိုတယ် ဝင်ပေါက်မှာ တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ကျက်သေသေသွားခဲ့သည်။
နောက်ပြီးသူမနှုတ်ဖျားက နှစ်ပေါင်းများစွာ မပြောခဲ့သည့်စကားစုတစ်စုကို ခပ်တိုးတိုးရွတ်ဆိုလိုက်မိသည်။
အမေ.....
မုန်း ဖခင်၏ လက်ကိုဖြုတ်ချပြီး ဟိုတယ်ဝင်ပေါက်ကို ပြေးသွားမိတော့ ခုနက နေရာမှာ ထိုအမျိုးသမီး မရှိတော့။
" မုန်း သမီး ဘာဖြစ်လို့တုန်း ဘာဖြစ်လို့ အလောတကြီးထွက်သွားရတာလဲ"
" ဘာမှမဟုတ်ဖူး ဒယ်ဒီ အသိတစ်ယောက်နဲ့တူတာတွေ့လိုက်လို့ ပါ "
CZYTASZ
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Krótkie Opowiadaniaအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...