Uni
" အမိက ကျုပ်ရင်ခွင်ထဲမှာဘယ်အချိန်ထိနေဖို့စဉ်းစားထားတုန်း"ထိုစကားကြောင့် အနွယ် ထိုမိန်းကလေး၏ ရင်ခွင်ထဲကပြာသလဲလဲထွက်လိုက်ပြီးတောင်းပန်စကားဆိုလိုက်သည်။
" တောင်းပန်ပါတယ် "
" ရပါတယ် ဒါနဲ့ အမိက အပေါ်မှာတင်ထားသည့်ပိတ်စကို ယူဖို့ကြိုးစားနေတာလား"
" ဟုတ်တယ် မမလေး အနွယ် အဲ့ပိတ်စကိုယူမို့လုပ်နေတာပါ"
ဝတ်ပုံစားပုံကြည့်ရသည်နှင့်အထက်တန်းလွှာလူဂုဏ်ထံသူဌေးသမီးတစ်ယောက်ဖြစ်မှန်းအတပ်သိလိုက်ရသည်ကြောင့်အနွယ် မမလေးဆိုသည့်ဂုဏ်ပုဒ်ကိုတပ်လိုက်ခြင်းပေ။
" ဪ"
လေသံခပ်ယဲ့ယဲ့ဖြင့် ပြန်ဖြေပြီး အနွယ်မမှီသည့် ပိတ်စကိုအသာအယာဆွဲယူသွားသည့် မမလေးကြောင့် အနွယ့်မှာကြောင်အလျက်။ ချက်ချင်းဆိုသလို ဆိုင်ရှင်အမကြီးထံမှာ ငွေရှင်းပြီးဆိုင်အပြင်ပြန်ထွက်ဖို့လုပ်နေသည့် မမလေးကြောင့် အနွယ်မှာ ထိုမမလေးနောက်ပြေးလိုက်ရသေးသည်။
" မမလေး!"
ပြောလေဆိူသည့် အကြည့်ဖြင့်အနွယ့်ကို စိုက်ကြည့်လာသည်။ သာမန်အကြည့်လို့ထင်ရသော်ငြားလည်း အကြည့်ခံရသူအနွယ့်အဖို့တော့ ဖိအားတစ်ခုသက်ရောက်နေသလိုခံစားနေရသည်။
" အနွယ့်အတွက်မဟုတ်ပေဖူးလား"
" ဟင် ဘယ်လိုဘယ်လို"
" အဲ့ပိတ်စက အနွယ့်အတွက်မဟုတ်ပေဖူးလားလို့"
" ဒီမယ်အမိ ဒီပိတ်စက ကျုပ်ဟာ ကျုပ်ငွေရှင်းပြီးကျုပ်ဝယ်ခဲ့တာကို အမိက ဘယ်လိုမျက်နှာမျိုးနဲ့တောင်းနေရတာတုန်း"
ထိုအထက်စီးဆန်သည့်စကားကြောင့် မဟုတ်မခံစိတ်ကလေးက တဖွားဖွားထွက်ပေါ်လာရတော့ပေသည်။
" ဒီမှာ မမလေး အဲ့ပိတ်စက အနွယ့်အရင်တွေ့တာလေ အဲ့တာကိုဖြတ်လုသွားတာက ရော အဘယ်သူလဲ!"
" အဟွန်း! ဒါပေမဲ့ ကျူပ်က အရင်ယူလိုက်တာေလပိုက်ဆံ တောင်ရှင်းပြီးသွားပြီ !"
" မမလေး ! အဲ့လိုဆိုသရင် အနွယ့်ကိုအဲ့ပိတ်စ ပြန်ရောင်းပေးလို့ရမလားရှင့်"
ŞİMDİ OKUDUĞUN
သစ္စာနွယ်တော်ပျော်မွေ့ရာ[ Completed]
Kısa Hikayeအနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချစ်တာ သစ္စာနွယ်နဲ့ ခန္ဓာကိုယ်မဟုတ်ဖူး ကျွန်မချစ်တာသစ္စာနွယ်ဆိုတဲ့မိန်းကလေး။ မုန်းပန်းရာဇဝင်+ သစ္စာနွယ် started date: 19.5.2022 Ended date:...