အခန်း(၂၀၅)

1.5K 143 19
                                    

အခန်း(၂၀၅)

သစ်တော်ပန်းမိုးဖွဲမျက်ရည်။







သစ်တော်ပန်းမိုးဖွဲမျက်ရည်မှာ သစ်တော်ပန်းမိုးဖွဲအပ်များနှင့် ယှဉ်လျှင် အားနည်းသော်လည်း Chu Xifeng  မှာ ၎င်း၏ အင်အားနှင့် အရှိန်အား မရှင်းလင်းသေးပေ။ ဤလက်နက်မှာ ထန်မျိုးနွယ်မှ သခင်လေးTang Li ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားခြင်းကြောင့် ရိုးရှင်းမည်မဟုတ်ဟု သူက သိနေသည်။

Chu Xifeng မှာ အဝေးတွင် ရပ်နေပြီး တစ်ကိုယ်လုံး သတိအပြည့်ရှိနေသည်။  Han Yunxi  မှာ ဖြည်းညင်းစွာ အပ်တစ်ချောင်းချင်း ထည့်နေပြီး ပူပန်နေမှု အနည်းငယ်ပင် မရှိပေ။ သို့တိုင် သူမက ရုတ်တရက် ရပ်လိုက်ပြီး ခလုတ်နှိပ်လိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ချက်ချင်းပင် အပ်သုံးချောင်းမှာ လျှပ်စီးလျပ်သကဲ့သို့ Chu Xifeng ထံ ပျံသန်းသွားတော့သည်။

ကံကောင်းစွာဖြင့်  Chu Xifeng အဆင့်သင့်ပြင်ဆင်ထားပြီး ကွေ့ပတ်ကာ ရှောင်တိမ်းလိုက်သော်လည်း မကြာမီပင် အပ်တစ်ချောင်းမှာ သူရှောင်တိမ်းလိုက်သော နေရာသို့ ဦးတည်လာပြန်သည်။ Chu Xifeng မှာ နောက်ပြန်ဆုတ်လိုက်ပြီး ခါးညွှတ်ကာ ထပ်မံရှောင်လိုက်ရသော်လည်း နောက်တစ်ကြိမ် အပ်သုံးချောင်းမှာ သူ၏ ဦးခေါင်းနောက်သို့ ပျံသန်းလာပြန်သည်။ သေချာစွာပင် Long Feiye ၏ အမြဲတမ်းသက်တော်စောင့်နှင့် အရည်အချင်းရှိ လက်ထောက်တစ်ယောက်​အနေဖြင့် Chu Xifeng  မှာ လှုပ်ရှားမှု အနည်းငယ် ကျန်နေသေးသည်။ သူက နောက်ပြန်ဆုတ်ကာ လေထဲသို့ ပျံတက်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူက ခုန်တက်လိုက်သည်နှင့်တစ်ချိန်တည်း အပ်သုံးချောင်းမှာ အမြင့်သို့ ပျံသန်းလာသည်။ ၎င်းတို့၏ ခွန်အားနှင့် အရှိန်ကြောင့် သူက ကျဥ်းမြောင်းစွာ ရှောင်ရှားလိုက်ရသည်။

နီးကပ်လိုက်တာ…

Chu Xifeng  မှာ ထိတ်လန့်သွားသည်။ သူက ဘယ်နေရာသို့ ရှောင်တိမ်းသွားမည်အား Han Yunxi  မှ ခန့်မှန်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ အရှင့်သားနှင့် Tang Li  တို့၏ စကားဝိုင်းတွင် ဤအမျိုးသမီးမှာ ကိုယ်ခံပညာသင်ယူရန် အချည်းအနှီးဖြစ်သောကြောင့် အရှင့်သားမှာ သူမအား လုပ်ကြံရေး လက်နက်များ သင်ကြားမပေးနိုင်ကြောင်း ကြားခဲ့ရသည်။ ချင်ဝမ်မှာ Tang Li  အား သူမ၏ ခွန်အားနှင့် အရှိန်ကင်းမဲ့မှုအား ဖြည်းဆည်းပေးနိုင်သော လက်နက်တစ်မျိုး ပြုလုပ်ပေးပြီး လာရောက်သင်ကြားပေးရန် မလိုကြောင်းပင် ပြောခဲ့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now