အခန်း(၂၃၂)

1.4K 141 11
                                    

အခန်း(၂၃၂)

ဖျားနာမှု။ အစားထိုးခြင်း။





Jun Yixie မှာ ဗုဒ္ဓရုပ်ပွားတော်ရှေ့ရှိ ဖျာပေါ်တွင် တင်ပလ္လင်ခွေကာ ထိုင်နေရင်း Long Feiye ၏ စကားများအား ပဟေဌိဖြစ်နေသည်။ “မြောက်ပိုင်းလီကို သုံးပြီး မိန်းမတစ်ယောက်အတွက် အလဲအလှယ် လုပ်ရမယ်။" သူကတည်ငြိမ်နေဟန် ရှိသော်လည်း တင်းကျပ်စွာ ဆုတ်ထားသည့် လက်သီးမှာ သူ့အား ကြာမြင့်စွာကပင် သစ္စာဖောက်နေပြီး ဖြစ်သည်။

သူက မောက်မာပေမယ့် Long Feiye က သူ့ထက်ပိုပြီး ထောင်လွှားလွန်းတယ်။

မူလတွင် Long Feiye နှင့် Han Yunxi တို့မှ ပူးပေါင်းကာ Long Tianmo အား လာရောက်ကယ်တင်လိမ့်မည်ဟု သူက ယူဆထားခဲ့သော်လည်း Long Feiye မှာ ပေါ်မလာခဲ့ပေ။ ဆိုင်းငံ့ဘုရားကျောင်းမှ ပိုက်ကွန်နှင့် ထောင်ချောက်များမှာ ယခုအချိန်တွင် အချည်းအနှီးဖြစ်သွားတော့သည်။ ယနေ့တွင် Jun Yixie မှာ နေ့ခင်းမှစကာ နေဝင်သည်အထိ ထိုင်နေခဲ့သည်။ ညရောက်လာချိန်တွင်တော့ Long Feiye မှာ လာရောက်မည် မဟုတ်ကြောင်း သူက ယုံကြည်သွားတော့သည်။

သတ်မှတ်ချိန်ကျော်သွားလျှင် သူက ဓါးစာခံအား သတ်မည်ဟု ပြောခဲ့သည်။ ယခု အမှန်တကယ်ပင် ထိုကဲ့သို့ ဖြစ်လာပြီဖြစ်ပြီး သူက ဘာလုပ်သင့်သလဲ။ Jun Yixie မှာ ဂရုတစိုက် စဥ်းစားရတော့မည်ဖြစ်သည်။ အကယ်၍ Han Yunxi မှာ ဆေးဝါးမြို့တော်တွင် မျက်နှာဖုံးအောက်မှ သူ၏ သရုပ်မှန်အား ဖော်ထုတ်ခဲ့ခြင်း မရှိခဲ့လျှင် ယနေ့ Long Feiye မှ ပေါ်မလာသည်အား သူက ပို၍ ပျော်မိလိမ့်မည် ဖြစ်သည်။ သို့ဆိုလျှင် သူက Long Tianmo အား ခေါင်းဖြတ်ကာ ဧကရာဇ် Taihui  ထံသို့ ပို့၍ Long Feiye အား ပြင်းထန်သော ထိုးနှက်ချက်အား ဖြေရှင်းခိုင်းမည်ဖြစ်သည်။ သို့တိုင် ယခုအချိန်တွင် သူ၏ သရုပ်မှန်မှာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်သည်။ မြောက်ပိုင်းလီ Kang မြို့စားမှာ မြောက်ပိုင်းလီတော်ဝင်မျိုးနွယ်အား  ကိုယ်စားပြုသည့် အဆင့်အတန်းဖြစ်သည်။ သူ၏ သရုပ်မှန်အား အသုံးပြုကာ ရင်ဆိုင်လာသည့် Long Feiye အား သူက တွက်ချက်ထားမှု မှားယွင်းသွားခဲ့ရသည်။ သူက တော်ဝင်မျိုးနွယ်၏ သွေးသားမဟုတ်သော်လည်း အနှစ်သက်ခံရဆုံး မင်းသားတစ်ပါးဖြစ်သည်။ တော်ဝင်မျိုးနွယ်တွင် သူ၏ ရှုံးနိမ့်မှုအား အခွင့်အရေးယူရန် စောင့်ဆိုင်းနေသည့် လူများစွာ ရှိနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now