အခန်း(၂၀၀)

2.5K 173 10
                                    

အခန်း(၂၀၀)

ထန်မျိုးနွယ်နှင့် ပတ်သက်မှုများအား မေးမြန်းလာခြင်း။






Yi’er  လေးမှ ပြောခဲ့သလိုပင် ခုနစ်ယောက်မြောက်မဒမ်မှာ သူတို့၏ ကောင်းမှုအတွက် အောင်ပွဲခံရန် စားပွဲအပြည့် စားကောင်း သောက်ဖွယ်များနှင့် ကောင်းမွန်လှသည့် ဝိုင်များ ပြင်ဆင်ထားသည်။  Yi’er လေးတင်သာမက ခုနစ်ယောက်မြောက်မဒမ်မှာလည်း Gu Beiyue အပေါ်တွင် အမြင်ကောင်းများ ရှိနေသည်။ သူ၏ ဆေးဝတ်ရုံအား ဖယ်ရှားလိုက်ပြီးချိန်တွင် လခြမ်းလေးကဲ့သို့ ရှည်လျားသော အဖြူရောင်ဝတ်စုံအား ပြောင်းလဲလိုက်သည်။ ၎င်းမှာ သူ့အား ရှေးကျကာ ကျော်ကြားသည့် မင်းမျိုးနွယ် မိသားစုတစ်စုမှ သခင်လေးနှင့် ဆင်တူစေကာ ကျောက်စိမ်းကဲ့သို့ သိမ်မွေ့ ကြင်နာ ဟန်ရှိသည်။

ညစာစားပွဲတွင် ကျင့်ဝတ်များစွာ ရှိမနေပဲ ပျော်ရွှင်ရယ်မောကာ စကားစမြည် ပြောဆိုနေကြသည်။ မမျှော်လင့်ပဲ သူတို့၏ ပျော်ရွှင်ဖွယ် စကားဝိုင်းမှာ လေထဲမှ ရုတ်တရက် ပေါ်လာသည့် အပ်တစ်ချောင်းမှ Han Yunxi ၏ ပန်းကန်လုံးတွင် တိကျစွာစိုက်လာပြီး နှောင့်ယှက်ခံလိုက်ရတော့သည်။ Gu Beiyue ၏ မျက်လုံးများမှာ စူးရှသွားပြီး လှုပ်ရှားရန် ပြင်လိုက်သော်လည်း အပ်များ၏ မြင်ကွင်းက သူ့အား ရပ်တန့်သွားစေသည်။ ၎င်းတို့မှာ မက်မန်းပွင့်အပ်မှ အသွားငါးခု ဖြစ်ပြီး ထန်မျိုးနွယ်မှာ အဆင့်အနိမ့်ဆုံးသော လုပ်ကြံရေးလက်နက်များဖြစ်သည်။ ၎င်း၏ အဆင့်မှာနိမ့်သော်လည်း လက်ထဲတွင် ရရှိနိုင်ရန်မှာ ခက်ခဲလှသည်။ ဤမက်မန်းပွင့်အပ်၏ ပြုလုပ်ပုံနှင့် ပစ္စည်းအား ကြည့်လျှင် ထန်မျိုးနွယ်၏ ထုတ်လုပ်မှု ဖြစ်ရမည်။

ထန်မျိုးနွယ်က လူတွေ ရောက်လာတာလား။

မည်သူမှ မတုံ့ပြန်လာနိုင်သေးချိန်တွင် Gu Beiyue၏  ခေါင်းထဲ၌ အတွေးများစွာ ပေါ်ထွက်လာသည်။ သူက ခေါင်းထဲတွင် အတွေးမျိုးစုံဖြင့် ရှုပ်ထွေးနေသော်လည်း သူ၏ သိမ်မွေ့သော အသွင်များမှာ အတွေးများအား သစ္စာဖောက်လာခြင်း မရှိပေ။ တစ်ချိန်တည်းမှာပဲ Han Yunxi မှာ မတ်တပ်ရပ်လိုက်ပြီး ခုနစ်ယောက်မြောက်မဒမ်နှင့် Yi’er လေးတို့မှာ ထိတ်လန့်သွားကြသည်။ ခုနစ်ယောက်မြောက်မဒမ်မှာ အလိုအလျောက်ပင် Yi’er လေးအား ရင်ခွင်ထဲသို့ ဆွဲခေါ်ကာ အော်ဟစ်လိုက်သည်။ “ အစောင့်တွေ… အ…”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now