အခန်း(၂၁၅)

1.4K 157 6
                                    

အခန်း(၂၁၅)

အဖြေ။ အဲ့တာက ငရဲကိုတောင် သွားနိုင်လောက်တယ်။







မှုန်ဝါးနေသည့် Han Yunxi မှာ တစ်ဖက်သို့ ကြည့်လိုက်လျှင် အိပ်ရာဘေးတွင်ပင် လှဲကာ မျက်လုံးမှိတ်ထားကာ အနားယူနေဟန်ရှိသော  Long Feiye အား တွေ့လိုက်သည်။ အေးစက်စွာ ခံ့ညားသော မျက်နှာမှာ အမျိုးသားများနှင့် နတ်ဘုရားတို့အား နှိုးဆွပေးနိုင်သည့် တည်ငြိမ်သော အသွင်အပြင်ရှိသည်။ ဤအချိန်တွင် သူက မြင်မိရသူတိုင်းအား ကြည်နူးစေသည့် ပန်းချီကားတစ်ချက်နှင့် ဆင်တူလှသည်။ အံအားသင့်နေသည့် Han Yunxi  မှာ သူ့အား နိုးမိသွားမည်အား စိုးရိမ်ကာ နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်သည်။

ထိုအချိန်မှသာ သူမက သူ၏ အိပ်ဆောင်ရှိ အိပ်ရာပေါ်တွင် အိပ်နေမိကြောင်း သတိပြုမိသွားသည်။ သူမ၏ ခေါင်းပေါ်တွင် ကုတင် လိုက်ကာများနှင့် ဆက်ထားသည့် ကြီးမားသော အမိုးရှိနေပြီး သူမခန္ဓာကိုယ်အောက်တွင် မြေခွေးမွှေးအခင်း ရှိနေသည်။ သူမက ငှက်မွှေးကဲ့သို့ ပေါ့ပါးသည့် အစစ်အမှန်ပိုးထည်ဖြင့် ခြုံပေးထားခြင်း ခံရသည်။ သူ၏ သန့်စင်လတ်ဆတ်သော ကိုယ်သင်းရနံ့က ချိုမြိန်သော အငွေ့အသက်များနှင့် ပေါင်းစပ်ကာ မြေသင်းရနံ့ကဲ့သို့ သူမအား တိုးဝှေ့နေသည်။ သူ၏ အိပ်စက်ခြင်း အလေ့အထမှာပင် မြင့်မြတ်မှုအား မီးမောင်းထိုးပြနေသည်။ ဤနေရာတွင် လဲလျောင်းနေခြင်းမှာ သူ၏ ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်နှင့် ဆင်တူပြီး ကြောက်မက်ဖွယ်ရာ အတွေးဖြစ်သည်။ Han Yunxi မှာ ထချင်သော်လည်း သက်တောင့်သက်သာရှိကာ လုံခြုံသော ခံစားချက်များမှာ စက်ဆုတ်မှုတစ်ခုနှင့်အတူ ရောထွေးလာနေသည်။ ထိုခဏတွင်ပင် Long Feiye မှာ ရုတ်တရက် မျက်လုံးပွင့်ကာ ကြည့်လာသည်။

“သတိရပြီလား။"

ကျစ်… သူ ဘယ်အချိန်တုန်းက နိုးလာတာလဲ။ ဒါမှမဟုတ် တစ်ချိန်လုံးနိုးနေပြီး ဟန်ဆောင်နေတာလား။

“အခုလေးတင်… ကျွန်မ… ဘာဖြစ်သွားတာလဲ။" သူမက ရှုပ်ထွေးနေဟန်ဆောင်လိုက်သည်။ ယခုအချိန်တွင် အဆိပ်ဖြေစနစ်မှာ အဆင့်မြှင့်တင့်ပြီးသွားပြီဖြစ်၍ သူမက ပုံမှန်ပြန်ဖြစ်လာကြောင်း သိနေသည်။ သူမ၏ စနစ်ထဲတွင် ခွင့်ပြုမှုမရှိသေးသော နယ်ပယ်တစ်ခု ရှိနေသည်။ အဲ့တာကကော အဆင့်မြှင့်တင့်ဖို့ စောင့်နေတာဖြစ်နိုင်မလား။ အဆိပ်ကန်က အဆိပ်ဖြေစနစ်ကို အဆင့်မြှင့်တင်ဖို့ လှုံဆော်နိုင်တာဆိုရင် ဒုတိယအကြိမ် အဆင့်မြှင့်တင်ဖို့ ဘာက လုပ်ပေးနိုင်မလဲ။ လုပ်ဆောင်ချက် ဘယ်လောက်များများက အဆင့်မြှင့်တင်ဖို့ စောင့်နေသေးသလဲ။ Han Yunxi မှာ မသိရှိနိုင်သော်လည်း အံ့အားသင့်စရာမှာ ပို၍ ကြီးသထက် ကြီးလာမည်ဖြစ်ကြောင်း သိနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now