အခန်း(၃၁၈)

1.2K 140 40
                                    

အခန်း(၃၁၈)

ဦးလေး၏ လာရောက်ရခြင်း ရည်ရွယ်ချက်။






Mu Linger မှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်အား မြင်လျှင် Gu Qishao မှာ စိတ်ဝင်တစား မေးလိုက်သည်။ “ပြီးတော့…”

“ကျွန်မ မသိတော့ဘူး။"  Mu Linger မှာ ရိုးရှင်းစွာ ပြောလိုက်သည်။ အကယ်၍ အတိတ်တွင်ဆိုလျှင် သူမက ရဲတင်းစွာဖြင့် သူ့အား စိတ်တိုင်းကျ ဖြေရှင်းခွင့်ပေးမည်ဖြစ်သော်လည်း Han Yunxi မှ သူမအား လွှတ်ပေးပြီးလျှင်တောင်မှ ချီကိုကိုမှာ အလေးအနက် ဖြစ်နေသေးသည်။ ၎င်းမှာ သူမအား ဝမ်းနည်းစေကာ သည်းမခံနိုင်ပေ။

Gu Qishao မှာ သူမအား လက်ညှိုးထောင်ပြကာ “ငါ့ကို ကိစ္စတစ်ခု ကူညီပေး။ အဲ့တာ ပြီးသွားတာနဲ့ ငါက မင်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်မပြောတော့ဘူး။"

Mu Linger ၏ မှေးမိန်နေသော မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်ကာ အပြုံးဖြင့် တောက်ပလာသည်။ သူမက လှည့်လာကာ ပျော်ရွှင်စွာ မေးလိုက်သည်။ “ဘာလဲ .. ကျွန်မကို ပြောပါ။"

Gu Qishao မှာ သူမအား ပြောင်းဆန်​စေ့အဆိပ် ဖြေဆေးညွှန်းအား ပေးကာ ပြောလိုက်သည်။ “ဝက်ဝံမြစ်နဲ့ အနီရောင်ကြာပန်းကို ကူရှာပေး။"

Mu Linger မှာ ဆေးညွှန်းများ ဖော်စပ်မှုနှင့် အခြားဆေးဝါးစွမ်းရည်များတွင် ပြိုင်ဘက်မရှိသူ ဖြစ်သည်။ သူမက ထူးခြားကာ အံ့သြဖွယ်ကောင်းသော ဆေးညွှန်းအမျိုးမျိုးအား မြင်ခဲ့ဖူးသော်လည်း ဤတစ်ခုအား မမြင်ဘူးခဲ့ပေ။ “ဒါက အဆိပ်ဖြေဆေး ဟုတ်တယ်မလား။" Mu Linger မှာ ပဟေဌိဖြစ်ကာ မေးလိုက်သည်။ သူမက စာရင်းရှိ ပစ္စည်းများအား သတိပြုမိသော်လည်း အတူတကွရောစပ်လိုက်လျှင် ဖြစ်လာမည့် အာနိသင်အား မသိထားပေ။

“မင်းလုပ်ရမှာက ပစ္စည်းရှာပေးဖို့ပဲ။ ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ။" Gu Qishao မှာ  Mu Linger အား ဆွံ့အအဘွားအိုမှာ ဆွံ့အ နားမကြားဖြစ်စေရန် အဆိပ်ခတ်ခံရခြင်းအား မပြောပေ။ သူက ပြောင်းဆန်စေ့အဆိပ်၏ ဖြေဆေးအားလည်း ပြောရန် အစီအစဉ် မရှိပေ။ ၎င်းမှာ သူက Mu Linger အား သတိထားနေခြင်း မဟုတ်သော်လည်း သူမက သိရန်မလိုသည်အား ပြောပြပေးရန် ပျင်းရိနေခြင်း ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now