အခန်း(၃၉၂)

1K 100 12
                                    

အခန်း(၃၉၂)

ယွင်ရှီးရဲ့ ပင်ကိုယ်သိစိတ်။







ဆောင်းလေအေးမှာ အိမ်တွင်းထိ တိုက်ခတ်လာကာ အရိုးတွင်းထိ အေးစိမ့်သွားစေသည်။ Han Yunxi မှာ အအေးဒဏ်ကြောင့် နောက်ပြန်ဆုတ်သွားရလျှင် Long Feiye မှာ သူမက အတွင်းဝတ်ဖြင့် အပေါ်ရုံပင် ဝတ်မလာပဲ ထွက်လာကြောင်း သတိပြုမိသွားတော့သည်။ သူက သူမအား ခေါင်းအစ ခြေအဆုံး လေ့လာကာ အထဲသို့ ဆွဲခေါ်လိုက်ပြီး မပျော်မရွှင်ဖြင့် ဆူပူလိုက်သည်။ “ဘာလို့ ဒီလောက် ပါးတာ ဝတ်ထားတာလဲ။"

Han Yunxi မှာ သူပြန်လာချိန်အား တစ်ညလုံး စောင့်နေခဲ့သည်။ သူ၏ တံခါးဖွင့်သံအား ကြားလျှင် သူမက နောက်တစ်ကြိမ်မစဥ်းစားပဲ စိတ်မရှည်တော့သောကြောင့် ထွက်လာခြင်းဖြစ်သည်။ သူမက အသုံးမဝင်မှန်း သိသောကြောင့် ရှင်းပြရန် လက်လျော့လိုက်သည်။ သူမက ခြေအိတ်ချွတ်ထားခဲ့စဥ် သူ၏ တုံ့ပြန်အားမှုအား မြင်ခဲ့ရစဥ်တည်းက ထိုသူမှာ ဤကဲ့သို့ ကိစ္စများတွင် အလွန်အကဲဆတ်ကြောင်း သိထားခဲ့သည်။

အခန်းတွင်း၌ နွေးထွေးသော မီးဖိုရှိနေကာ အအေးဒဏ်အား ချက်ချင်းပင် ပျောက်ကွယ်သွားစေသည်။ သို့တိုင် Long Feiye မှာ သူ၏ အပြင်ဝတ်အား ချွတ်ကာ Han Yunxi ထံပစ်ပေးလိုက်သည်။ “ဝတ်ထားလိုက်။"

သူ၏ အပြုအမူမှာ ထိုသို့တိုင်အောင် သူက သူမအား အမှန်တကယ် နှစ်သက်လေသည်။ Han Yunxi မှာ Long Feiye ၏ အေးစက်သော မျက်နှာနှင့် ခါးသီးသော အမူအရာအား မြင်လျှင် သကြားခဲကဲ့သို့ ခံစားလိုက်ရသည်။ သူမက ပျော်ရွှင်စွာပင် သူ၏ ဝတ်ရုံအား ပုခုံးမှ လွှမ်းခြုံလိုက်ကာ လည်ပင်းတွင် ချည်နှောင်လိုက်ကာ သူ၏ ယောကျာ်းဆန်သော ကိုယ်သင်းနံ့က ဝိုင်းရံလာသည်။

“အဲဒီလူက ဘာပြောသေးလဲ။” Long Feiye မှာ အဖြူဝတ်အမျိုးသား၏ ကိစ္စတွင် အလွန်စိတ်လှုပ်ရှားနေသည်။

“သူက အရိပ်မျိုးနွယ်ကလားလို့ ကျွန်မ မေးခဲ့တယ်။ သူက နောက်တစ်ကြိမ်တွေ့ရင် ပြောမယ်လို့ ပြောသွားတယ်။" Han Yunxi မှာ အမှန်အတိုင်းသာ ပြောလိုက်သည်။

“နောက်တစ်မျိုးပြောရရင် သူက ထပ်လာဦးမှာပေါ့။” Long Feiye မှ ပြောလိုက်သော်လည်း သူ၏ ကိုယ်ပိုင်အတွေးမှာ ဤရက်များအတွက် အနီးတွင် သူက ခံစားမိနေသော အဆင့်မြင့်ပညာရှင်မှာ အရိပ်မျိုးနွယ်ဟူ၍ပင်။ ယခင်ကလည်း မှောင်ခိုဈေးတွင် သူက Lin မျိုးနွယ်ဆန်ဆိုင်တွင် တစ်ညနေထိုင်ခဲ့စဥ် ထိုသူ၏ တည်ရှိမှုအား ခံစားလိုက်ရသည်။ သူတို့က ဘေးသင့်ဒေသသို့ ရောက်လာချိန်တွင် ထိုခံစားမှုမှာ ပျောက်ကွယ်သွားသော်လည်း အကြီးတန်းအရာရှိအိမ်တော်သို့ ပြောင်းလာချိန်တွင် ၎င်းမှာ ပြန်ရောက်လာခဲ့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now